Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Murder On The Orient Express ဇာတ်ကားရဲ့ Trailer အသစ်ထွက်လာ

Murder On The Orient Express ဇာတ်ကားရဲ့ Trailer အသစ်ထွက်လာ

| No comment

 မင်းသား Kenneth Branagh ကို စာရေးဆရာမ Agatha Christie ရဲ့ စုံထောက် Hercule Poirot နေရာမှာ မြင်တွေ့ရမယ့် ဇာတ်ကားသစ် Murder On The Orient Express ဇာတ်ကားရဲ့ Trailer အသစ်ထွက်လာပါတယ်။ ဒီဇာတ်ကားဟာ ၁၉၇၄ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားရဲ့ Remake အနေနဲ့ ပြန်လည်ထွက်ရှိလာမယ့် ဇာတ်ကားလည်း ဖြစ်ပါတယ်။

Branagh ကို နှုတ်ခမ်းမွှေးကားကားနဲ့ အလွတ်တမ်းစုံထောက် Poirot အနေနဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ စုံထောက် Poirot လိုက်ပါစီးနင်းလာတဲ့ ရထားပေါ်မှာ လူတစ်ယောက်အသတ်ခံ လိုက်ရပြီး အထဲမှာပါတဲ့ လူတွေကလည်း လူတန်းစားပေါင်းစုံက တစ်ဦးနဲ့တစ်ဦး မသိကြတဲ့ သူတွေဖြစ်ပါတယ်။
ဒီအမှုကို စုံထောက်ကြီးက ဘယ်လိုဖော်ထုတ်သွားမလဲ။ ပထမဇာတ်ကားမှာလည်း အားပေးမှု၊ အောင်မြင်မှုရှိခဲ့တဲ့ ဇာတ်ကားဟာ ၂၀၁၇ဗားရှင်းမှာ ဘယ်လိုထွက်လာမယ်ဆိုတာ စောင့်ကြည့်ကြပါဦး.. ??


Brucee

#celebrity.thithtoolwin.com

Ref: Empire