Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / NBA စတား ဘလိတ်ဂရစ်ဖင်နဲ့ ငါးရက်ဆက်ဒိတ်နေတဲ့ ကန်ဒဲလ်ဂျန်နာ

NBA စတား ဘလိတ်ဂရစ်ဖင်နဲ့ ငါးရက်ဆက်ဒိတ်နေတဲ့ ကန်ဒဲလ်ဂျန်နာ

| No comment




စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာကတော့ NBA စတားတစ်ယောက်ဖြစ်သူ ဘလိတ်ဂရစ်ဖင်းနဲ့ ဒိတ်နေခဲ့တာကတော့ ငါးရက်ဆက်ရှိပြီဖြစ်ပြီး သက်သေခိုင်မာတဲ့ အထောက်အထားဓာတ်ပုံတွေကလည်း တက်လာလို့နေပါတယ်။

အသက် ၂၁ နှစ်အရွယ်မော်ဒယ်လ်ဟာ အသက် ၂၈ နှစ်အရွယ် ဘက်စကတ်ဘောသမားနဲ့ အတော်လေးအဆင်ပြေနေပုံရပြီး သူတို့နှစ်ယောက်ကိုတော့ ဒီတစ်ခါမှာ ကမ်းခြေမှာ တွေ့ခဲ့ရတာပါ။

ကန်ဒဲလ်ကတော့ အဖြူရောင်အကျီင်္နဲ့ ဂျင်းဘောင်းဘီအတိုလေးကို စတိုင်လ်ကျတဲ့ နေကာမျက်မှန်တစ်လက်နဲ့ တွဲဖက်ဝတ်ဆင်ထားပြီး ဘလိတ်ကတော့ အနီရောင်ကျားထားတဲ့ တီရှပ်နဲ့ ဂျင်းဘောင်းဘီအရှည်ကို ဝတ်ဆင်ထားကာ ကန်ဒဲလ်နဲ့ စကားပြောနေခဲ့ကြတာပါ။

DailyMail ရဲ့အဆိုအရတော့ ကန်ဒဲလ်ဂျန်နာအပြင် ကန်ဒဲလ်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဟိုင်လီ ဘဲလ်ဒွင်းတစ်ယောက်လည်း NBA စတားတစ်ယောက်ဖြစ်တဲ့ ချန်ဒလာပါဆန်နဲ့ ဒိတ်ခဲ့တယ်လို့ သိရပြီး သူတို့သူငယ်ချင်းနှစ်ယောက်ကတော့ NBA စတားတွေနဲ့ ဓာတ်ကျနေပြန်တာပါ။

ကန်ဒဲလ်နဲ့ ဒိတ်နေတဲ့ ဘလိတ်မှာတော့ ကလေးနှစ်ယောက်ရှိပြီး လေးနှစ်အရွယ်ဖို့ဒ်လို့ခေါ်တဲ့ သားတစ်ယောက်နဲ့ Finley လို့ ခေါ်တဲ့ မိဘမဲ့ မွေးစားသမီးတစ်ယောက်ရှိတယ်လို့ သိရပါတယ်။ ကန်ဒဲလ်ဂျန်နာကတော့ မကြာသေးခင်ကပဲ ဟစ်ဟော့ပ်အဆိုကျော် A$AP Rocky နဲ့ ဒိတ်ခဲ့တဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ထားသူလည်းဖြစ်ပါတယ်။

Mocha


Ref : DailyMail