Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Playboy မဂ္ဂဇင်းတည်ထောင်သူ Hugh Hefner ကွယ်လွန်

Playboy မဂ္ဂဇင်းတည်ထောင်သူ Hugh Hefner ကွယ်လွန်

| No comment

 နာမည်ကျော် Playboy မဂ္ဂဇင်းကို တည်ထောင်ခဲ့တဲ့ Hugh Hefner ဟာ အသက် ၉၁နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပါတယ်။ Hugh ဟာ ဗုဒ္ဓဟူးနေ့တုန်းက ငြိမ်းချမ်းစွာနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်တယ်လို့ Playboy ကဆိုပါတယ်။

Hefner ဟာ ကျန်းမာရေး သိပ်မကောင်းတာကြောင့် အများပြည်သူရှေ့မထွက်တာ ယခင်နှစ်ကတည်းကဖြစ်ပါတယ်။

Hafner ဟာ Playboy မဂ္ဂဇင်းကို သူ့အိမ်က မီးဖိုခန်းထဲမှာ စတင် ထုတ်ဝေခဲ့တာဖြစ်ပြီး ကမ္ဘာ့အရောင်းအားအကောင်းဆုံး အမျိုးသားမဂ္ဂဇင်းတစ်စောင် ဖြစ်လာခဲ့တာပါ။

သားဖြစ်သူ Cooper Herner က "အားလုံးအထူးဝမ်းနည်းကြမှာပါ" လို့ ပြောခဲ့ပါတယ်။

Bruce

#celebrity.thithtoolwin.com

Ref: EW