နာမည်ကျော်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Cara Dlevinge ကတော့ Burberry, Chanle နဲ့ Dolce and Gabbana တို့အတွက် မော်ဒယ်လ်တစ်ယောက်အဖြစ် လုပ်ကိုင်နေခဲ့ပြီး ဝင်ငွေတွေများစွာရရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ Kylie Jenner နဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ Puma အတွက် အသက် ၂၅ နှစ်အရွယ် မော်ဒယ်လ်ဟာ အဆောက်အအုံရဲ့ အမိုးပေါ်အထိတက်ပြီး ဓာတ်ပုံအရိုက်ကူးခံနေတာကိုတွေ့ရပါတယ်။
Cass Bird က ဒီဓာတ်ပုံတွေကို ရိုက်ကူးပေးနေတာဖြစ်ပြီး သူ့ရဲ့ ဓာတ်ပုံတွေကတော့ အတော်ဂေါ်မယ့် ပုံစံပါပဲ။ Cara ရဲ့ ဆံပင်အတိုပုံစံဟာ သူနဲ့အတော်လေးလိုက်ဖက်တာကြောင့် နာမည်ကြီးလျက်ရှိနေပြီး ဒီနေ့မှာတော့ Puma ရဲ့ Hoodie တွေ Sneaker တွေ ဝတ်ဆင်ထားတဲ့ သူ့ပုံစံက သတင်းသမားတွေအကြိုက်ဖြစ်စေခဲ့တာပါ။
အခုလိုရိုက်အပြီးမှာတော့ Cara တစ်ယောက် ညနေပိုင်းမှာ LA ရဲ့ Downtown ဧရိယာတွေမှာ Puma နဲ့ပဲ ဓာတ်ပုံရိုက်ကူးမှုတွေ ထပ်မံပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
Mocha
#celebrity.thithtoolwin.com
Ref