Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Si-Fi ရုပ်ရှင်ပုံစံ ရိုက်ကူးထားသည့် EXO အဖွဲ့၏ “Power” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

Si-Fi ရုပ်ရှင်ပုံစံ ရိုက်ကူးထားသည့် EXO အဖွဲ့၏ “Power” သီချင်းဗီဒီယိုသစ် ထွက်ရှိလာ

| No comment



EXO အဖွဲ့ရဲ့ ခေါင်းစီးသီချင်း “Power” အတွက် သီချင်းဗီဒီယိုသစ်က စက်တင်ဘာလ ၅ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာပါတယ်။

“Power” သီချင်းက ပေါ်လွင်ထင်ရှားတဲ့ အသံစုံပေါင်းစပ်ထားသည့် သံစဉ်နှင့် အပြင်းစား တီးလုံးတွေပါဝင်တဲ့ ရေပန်းစား EDM သီချင်းအမျိုးအစားဖြစ်ပြီး “The War” အယ်လ်ဘမ်ထဲက ခေါင်းစီးသီချင်း “Ko Ko Bop” ရဲ့ နောက်ဆက်တွဲဖြစ်ပါတယ်။

သီချင်းဗီဒီယိုသစ်ဟာ အရင်က ထွက်ရှိခဲ့တဲ့ သီချင်းဗီဒီယိုတွေနှင့် သူတို့ရဲ့ power တွေကို ရည်ညွှန်းထားတာ ဖြစ်တဲ့အတွက် EXO အဖွဲ့ရဲ့ အရင်က ထွက်ရှိခဲ့တဲ့ သီချင်းတွေ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲတွေမှာ သဲလွန်စပေးနေခဲ့တဲ့ ချဲ့ထွင်ထားတဲ့ ဇာတ်လမ်းရဲ့ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပုံရပါတယ်။

Graphic novel ပုံစံထုတ်လုပ်ထားတဲ့ repackaged album “The War: The Power of Music” မှာ ခေါင်းစီးသီချင်းသစ်အပြင် R&B သီချင်းအမျိုးအစား “Sweet Lies” နှင့် disco သီချင်းအမျိုးအစား “Boomrang” သီချင်းသစ် ၂ ပုဒ်လည်း ပါဝင်ပါတယ်။ “Sweet Lies” သီချင်းအတွက် အဖွဲ့ဝင် Chanyeol က စာသားရေးဖွဲ့ပေးထားတာဖြစ်ပါတယ်။

အကောင့်စဖွင့်တာ ၂ လမပြည့်သေးခင်မှာပဲ ဒီနေ့အစောပိုင်းမှာ Comeback အတွက် အချိန်မီ EXO အဖွဲ့ရဲ့ Twitter မှာ follower ၁ သန်းပြည့်သွားပါပြီ။

EXO အဖွဲ့က သီချင်းသစ်ကို စက်တင်ဘာလ ၇ ရက် “M!Countdown” မှာ ပထမဆုံး ဖျော်ဖြေမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Soompi