Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Song Joong Ki နှင့်အတူ ဇာတ်ကားတွဲရိုက်ချင်တဲ့ Park Bo Gum

Song Joong Ki နှင့်အတူ ဇာတ်ကားတွဲရိုက်ချင်တဲ့ Park Bo Gum

| No comment



Park Bo Gum က မိတ်ဆွေကောင်း Song Joong Ki နှင့်အတူ အလုပ်တွဲလုပ်ရဖို့ မျှော်လင့်မိကြောင်း ၂၀၁၇ ခုနှစ် Seoul Drama Awards ကော်ဇောနီပေါ်မှာ ပြောပြခဲ့ပါတယ်။

ပြီးခဲ့နှစ်က ဆုပေးပွဲမှာ Song Joong Ki က Park Bo Gum နှင့် ညီအစ်ကိုအဖြစ် ဒါမှမဟုတ် မိန်းကလေးတစ်ယောက်ကို ရဖို့ ယှဉ်ပြိုင်ရတဲ့ ဇာတ်ကောင် ၂ ယောက်အဖြစ် သရုပ်ဆောင်ချင်ကြောင်း ပြောပြခဲ့ပြီး ဇာတ်လမ်းတစ်ခုခုမှာ အတူတူပါဝင်ရရင် ကောင်းမယ်လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။

Song Joong Ki ရဲ့ ပြောစကားကို အကြောင်းပြန်ပေးဖို့ စက်တင်ဘာလ ၇ ရက်က ကျင်းပခဲ့တဲ့ ၂၀၁၇ ခုနှစ် Seoul Drama Awards ကော်ဇောနီပေါ်မှာ Park Bo Gum ကို မေးခွန်းထုတ်ခဲ့ပြီး သူ့ရဲ့ အဖြေကိုတော့ စက်တင်ဘာလ ၈ ရက်က “Entertainment Weekly” အစီအစဉ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။

သူက “Joong Ki နဲ့ အတူတွဲလုပ်ဖို့ အခွင့်အရေးရမယ်ဆိုရင် ညီအစ်ကိုအဖြစ် သရုပ်ဆောင်ရလည်း ကောင်းပါတယ်။ ဒါပေမယ့် Joong Ki နဲ့သာဆိုရင် ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်။” လို့ ဖြေသွားပါတယ။်

ပြီးခဲ့တဲ့နှစ်က Song Joong Ki က “Descendants of the Sun” ဇာတ်လမ်းတွဲနှင့်အတူ ရရှိခဲ့တဲ့ Best Actor for Hallyu Drama ဆုကို အဲ့ဒီညမှာ Park Bo Gum က “Moonlight Drawn by Clouds” ဇာတ်လမ်းတွဲမှ သရုပ်ဆောင်မှုနှင့်အတူ ရရှိခဲ့ပါတယ်။ Park Bo Gum က ဆုလက်ခံစကားပြောကြားရင်း Song Joong Ki နှင့် Song Hye Kyo တို့ရဲ့ မင်္ဂလာပွဲအတွက် ဂုဏ်ပြုစကား ပြောကြားသွားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi