Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Spider-Man: Homecoming က၂၀၁၇ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး Superhero ဇာတ်ကားဖြစ်လာ

Spider-Man: Homecoming က၂၀၁၇ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး Superhero ဇာတ်ကားဖြစ်လာ

| No comment


Spider-Man: Homecoming ဟာ တစ်ကမ္ဘာလုံးရုံတင်ဝင်ငွေ ဒေါ်လာသန်း ၈၀၀ ကျော်ရရှိသွားပြီဖြစ်ပြီး ဒီနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး Superhero Movie ဖြစ်လာတယ်လို့ Exhibitor Relations ရဲ့ ပြောကြားချက်အရ သိရပါတယ်။ ဇာတ်ကားရဲ့ဝင်ငွေကောင်းစေတဲ့ အချက်ကတော့ တရုတ်နိုင်ငံအတွင်း ခိုင်မာတဲ့ ပြသရမှုတွေကြောင့် ဖြစ်ကြောင်းလည်း သိရပါတယ်။

ဒီနှစ်မှာ Wonder Woman ဇာတ်ကားက ဝင်ငွေအကောင်းဆုံး ဖြစ်လာမယ်လို့ အားလုံးက မျှော်လင့်ထားကြပေမယ့် Marvel Studios နဲ့ Sony တို့ရဲ့ Spider-Man: Homecoming က ဒီနှစ်ရဲ့ အကြီးဆုံး Superhero ဇာတ်ကားအဖြစ် ရပ်တည်လာခဲ့တာပါ။ ဇာတ်ကားဟာ Logan နဲ့ Guardians of the Galaxy Vol 2 တို့ကိုလည်း ကျော်ဖြတ်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိမထုတ်လုပ်ရသေးတဲ့ Thor: Ragnarok နဲ့ Justice League တို့တော့ ရှိနေပါသေးတယ်။

Spider-Man: Homecoming ဇာတ်ကားဟာ Spider-Man 2 ဒေါ်လာ ၇၈၃.၃သန်း၊ The Amazing Spider-Man ဒေါ်လာ ၇၅၉.၉သန်း နဲ့ The Amazing Spider-Man 2 ဒေါ်လာ ၇၀၉သန်းတို့ကို ကျော်ဖြတ်ပြီး ဝင်ငွေအကောင်းဆုံး Spider-Man ဇာတ်ကားတွေထဲမှာ ပထမဆုံး Spider-man ဇာတ်ကားနဲ့ Spider-Man 3 တို့ရဲ့ နောက်မှာ ရပ်တည်နေခဲ့ပါတယ်။

Brucee

#celebritythihtoolwin.com

Ref: CBR