Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / "Star Wars: The Last Jedi" ကို အပြီးသတ်

"Star Wars: The Last Jedi" ကို အပြီးသတ်

| No comment


ထုတ်လုပ်ဖို့ သုံးလလောက်သာ လိုတော့တဲ့ အခြေအနေမှာ Disney ရဲ့ "Star Wars: The Last Jedi" ဟာ တရားဝင် အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။ ရုပ်ရှင်ကို စာရေးဆရာ-ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Rian Johnson က ရိုက်ကူးထားတာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ Public ကိုချပြမ်ယ့ ကမ်ပိန်းတွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပြီး ဒုတိယမြောက် Trailer ကို လာမယ့် အောက်တိုဘာ ၉ရက်နေ့မှာ ထုတ်လုပ်သွားဖို့ ရှိနေပါတယ်။

ဆက်စပ်သတင်းတွေအရ ဒီဇာတ်ကားမှာ Supreme Leader Snoke အဖြစ် သရုပ်ဆောင်ထားတဲ့ Andy Serkis ပြောကြားချက်ကို ကိုးကားပြီး ဗီလိန်ဟာ Supreme Leader Snoke ပဲ ဖြစ်လာနိုင်ကြောင်း သိရပါတယ်။

"ကျွန်တော်နဲ့ ကယ်ရီ (ကယ်ရီဖစ်ရှာ) တို့ Scene မပါပါဘူး။ ဒါပမေယ့် သူ့ကို နည်းနည်းတော့ ကျွန်တော်သိပါတယ်။ သူက တကယ့်ကိုတော်တဲ့သူပါ။ ပြီးတော့ သူ့ကို လူတိုင်းက လွမ်းဆွတ်တသ နေရအောင်လည်း သူ့ရဲ့စွမ်းရည်တွေ၊ လူသားဆန်မှုတွေနဲ့ ပြသသွားခဲ့ပါပြီ။ သူက တကယ်အံ့အားသင့်ဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။ အခုတော့ကျွန်တော်ရယ်၊ Adam Driver ရယ်နဲ့ Domhnall Gleeson ရယ် အကောင်းဆုံး အလုပ်လုပ်နေကြပါတယ်။ ဒီထဲမှာ ကျွန်တော်တို့အဖွဲ့ရဲ့ အပျံစားအခန်းတွေပါပါတယ်" လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

"Star Wars: The Last Jedi" ကို လာမယ့် ဒီဇင်ဘာ ၁၅ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။


Bruce

#technology.thithtoolwin.com

  Ref: EW