Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / tar Wars Episode IX ကို J.J Abrams ရိုက်ကူးမည်

tar Wars Episode IX ကို J.J Abrams ရိုက်ကူးမည်

| No comment


Lucasfilm ရဲ့ ဒီနေ့မှာ ထုတ်ဖော်ချက်အရ  ဒါရိုက်တာ J.J. Abrams ဟာ Star Wars: Episode IX ဇာတ်ကားကို ရိုက်ကူးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

ဒီ Peoject ရဲ့ ကနဦး ဒါရိုက်တာဖြစ်သူ Trevorrow ဟာ ပြီးခဲ့တဲ့ ၅ရက်နေ့တုန်းက ဇာတ်ကား ရိုက်ကူးမှုကနေ နှုတ်ထွက်သွားပြီးနောက်မှာ ဒီနှစ်ကုန်မှာထွက်လာမယ့် Star Wars: The Last Jedi ဇာတ်ကားမှာ နောက်ကွယ်က ပါဝင်ခဲ့တဲ့ Star Wars: The Force Awakens ဒါရိုက်တာကပဲ ဇာတ်ကားကို ပြန်လည်ရိုက်ကူးဖို့ ဖြစ်လာခဲ့တာပါ။

လတ်တလောထွက်လာတဲ့ သတင်းအရ The Force Awakens ရဲ့ ဒါရိုက်တာ J.J. အနေနဲ့ ဒီလိုပြန်လည်ရိုက်ကူးခြင်းအားဖြင့် Franchise တစ်ခုလုံးကို သူကြိုက်တဲ့ ဦးတည်ချက်တစ်ခုနဲ့ တည်ဆောက်ခွင့်ရသွားမှာလည်း ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာမှာ ရုံတင်ပြသမယ့် Star Wars Episode VIII ကိုတော့ Looper ဇာတ်ကားနဲ့ နာမည်ကျော်တဲ့ ဒါရိုက်တာ Rian Johnson က ရိုက်ကူးထားတာ ဖြစ်ပါတယ်။


Brucee

#celebrity.thihroolwin.com

Ref: The Verge