Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / အက်ရှင်ဇာတ်ကားပုံစံ ရိုက်ကူးထားသည့် Zayn Malik ၏ 'Dusk Till Dawn' သီချင်းဗီဒီယို ထွက်ရှိလာ

အက်ရှင်ဇာတ်ကားပုံစံ ရိုက်ကူးထားသည့် Zayn Malik ၏ 'Dusk Till Dawn' သီချင်းဗီဒီယို ထွက်ရှိလာ

| No comment

ဒါရိုက်တာ Marc Webb (The Amazing Spider-Man, 500 Days of Summer) က ရိုက်ကူးပေးထားပြီး ရုပ်ရှင်ပိတ်ကားကြီးမှာ ပြသဖို့ကောင်းတဲ့ ရဲဇာတ်လမ်းပုံစံ ရိုက်ကူးထားသည့် Zayn Malik ၏ 'Dusk Till Dawn' သီချင်းဗီဒီယိုဟာ စက်တင်ဘာလ ၇ ရက်မှာ ထွက်ရှိလာပါတယ်။ အထင်ကြီးလောက်တဲ့ ၅ မိနစ်စာ ဗီဒီယိုထဲမှာ လျှို့ဝှက်ကြံစည်နေတဲ့ ပိတုန်းရောင်ကေသာနှင့် မင်းသမီး Jemima Kirke (Girls) ရဲ့ လှုပ်ရှားမှုတွေကို နောက်ယောင်ခံလိုက်နေတဲ့ ပဟေဠိဆန်သူတစ်ယောက်အဖြစ် Zayn က သရုပ်ဆောင်ထားပါတယ်။

Malik ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထဲက ပထမဆုံးဖြစ်တဲ့ ဒီသီချင်းကို အဆိုတော်က Sia နှင့် ဒီသီချင်းကို ထုတ်လုပ်ပေးထားတဲ့ Greg Kurstin တို့နှင့်အတူ တွဲဖက်ရေးသားထားပါတယ်။ pre-chorus နှင့် chorus တွေမှာ Sia နှင့် Zayn တို့ရဲ့ အသံတွေကို ရောယှက်ပြီး "Light it up/ On the run/ Let's make love tonight" လို့ သီဆိုထားပါတယ်။

အသစ်စက်စက် ရိတ်ထားတဲ့ ကတုံးပြောင်ပြောင်နှင့် မီးခိုရောင်ဝတ်စုံကို သားသားနားနား ဝတ်ဆင်ထားတဲ့ Zayn က Kirke ရဲ့ ဇာတ်ကောင်ကို Chinatown လမ်းပေါ်က လူအုပ်ကြီးကြားထဲက ဖြတ်လိုက်ရင်း သူမရဲ့ လက်ထဲက အမဲရောင် လက်ကိုင်သေတ္တာကို မျက်စိဒေါက်ထောက် ကြည့်ရင်း သီချင်း chorus အရှိန်တက်လာချိန်မှာ ရဲတစ်ဖွဲ့ရဲ့ အဖမ်းခံလိုက်ရပါတယ်။

စစ်ဆေးပြီး Zayn ကို ပြန်လွှတ်ပေးလိုက်ပေမယ့် "I'll be with you from dusk till dawn/ Baby I'm right here," ဆိုပြီး အမြင့်သံနှင့် သီဆိုထားပါတယ်။

နာမည်ကျော် "Pillowtalk" နှင့် "Like I Would"  သီချင်းတွေပါဝင်ပြီး ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ် Mind of Mine ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Zayn ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ထဲ ထွက်ရှိလာမည့်ရက်ကိုတော့ မကြေညာသေးပါဘူး။

    RII

   #celebrity.thithtoolwin.com

   Source: Billboard