အတက်အကျကြမ်းခဲ့တဲ့ ကာလတွေအတွင်းမှာ ဆလီနာဂိုးမက်ဇ်တစ်ယောက် ပဲ့ကိုင်ကောင်းကောင်းနဲ့ ရုန်းထွက်ပြနိုင်ခဲ့ပြီး မကြာခင်မှာ စင်ပေါ်ပြန်တက်လာတော့မယ့် အဆိုတော်မလေးကို တွေ့ရတော့မှာပါ။
အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ဆလီနာဂိုးမက်ဇ်ဟာ American Music Awards မှာ သီဆိုဖျော်ဖြေမယ့် artist အဖြစ် ကြေညာခံခဲ့ရအပြီးမှာတော့ သူ့ရဲ့ စင်ပေါ်ပြန်တက်မယ့်အချိန်က အမှန်တကယ်ဖြစ်လာခဲ့တာပါ။ ပွဲကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ဆလီနာကတော့ ဒီပွဲကို မစောင့်နိုင်တော့ဘူးလို့ သူမရဲ့တွစ်တာမှာ ရေးသားထားခဲ့တာကို တွေ့ရပါတယ်။
ဆလီနာဟာ လောလောလတ်လတ်အနေနဲ့တော့ လက်ပတ်စ်ရောဂါအကြောင်းသီဆိုထားတဲ့ သီချင်းသစ် 'Wolves' ထွက်ရှိထားပြီး Marshmallow က တီးခတ်ပေးထားတာဖြစ်ပါတယ်။
ကျန်းမာရေး ပြန်ကောင်း ကောင်းချင်းပဲ အရှိန်အဟုန်ကောင်းနဲ့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်လာတာကြောင့် ပရိသတ်တွေက ဝမ်းသာနေကြပြီး အသက် ၂၅ နှစ်အရွယ် အဆိုတော်မလေးရဲ့ come back ကြမ်းကြမ်းကို ပြန်တွေ့ရဖွယ်ရှိနေပါတယ်။
Jackie
#celebrity.thithtoolwin.com
Ref : MTV