Linkin Park အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် Chester တစ်ယောက် ကိုယ့်ကိုကိုယ် အဆုံးမစီရင်ခင် ခြောက်ရက်အလိုမှာ နာမည်ကျော် host ဖြစ်တဲ့ James Corden ရဲ့ Carpool Karaoke အစီအစဉ်မှာ ပါဝင်အားဖြည့် ရိုက်ကူးပေးခဲ့ပါတယ်။
ဒီ တီဗီရှိုးမှာတော့ Chester ဟာ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Mike Shinoda တို့နဲ့ အတူ host တစ်ယောက်ဖြစ်တဲ့ Ken Jeong တို့နဲ့ပါ ပျော်ပျော်ပါးပါး တင်ဆက်ခဲ့တာပါ။ သူဟာ ရှိုးတစ်ခုလုံးမှာပေါ့ပါးပျော်ရွှင်နေပြီး လုံးဝ စိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်ပုံစံပေါက်မနေခဲ့ပါဘူး။
Chester ဟာ အဖွဲ့ရဲ့ hit ဖြစ်တဲ့ သီချင်းတွေအပြင် OutKast ရဲ့ Hey Ya! သီချင်းကိုလည်း ကားပေါ်မှာ ပျော်ရွှင်စွာသီဆိုခဲ့ပြီး Linkin Park ရဲ့ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ဒီဗီဒီယိုကို တင်ထားတာပေးပါတယ်....
Jackie
#celebrity.thithtoolwin.com
Ref: TMZ