Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / E! network နဲ့ ဒေါ်လာသန်း ၁၅၀ တန် စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ Keeping up with the Kardashians

E! network နဲ့ ဒေါ်လာသန်း ၁၅၀ တန် စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့ Keeping up with the Kardashians

| No comment

နာမည်ကျော် တီဗီရှိုးတစ်ခုဖြစ်တဲ့ Keeping up with the Kardashians အစီအစဉ်ရဲ့ ငါးရာသီစာ စာချုပ်သစ်ကို ကာဒါရှီးယန်းမိသားစုနဲ့ E! network တို့ကြား ပြန်လည်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

တစ်ရာသီအတွက် ဒေါ်လာ သန်းသုံးဆယ်အထိ သူတို့ကရရှိသွားတော့မှာဖြစ်ပြီး ငါးရာသီစာအတွက် သန်း ၁၅၀ အထိ စာချုပ်ရဲ့ တန်ကြေးက ရောက်ရှိလို့လာခဲ့တာဖြစ်ပါတယ်။
အရင်ကတော့ ရုပ်သံတစ်ရာသီစာ အစီအစဉ်အတွက် ဒေါ်လာ သန်း ၂၀ ရရှိခဲ့ပြီး အဲ့တုန်းကလည်း E! network က ငါးရာသီစာ သန်း ၁၀၀ တန် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ်ကြောင့် တစ်ရာသီကို ဒေါ်လာ ဆယ်သန်းအထိ ကာဒါရှီးယန်းတို့ ပိုပြီး ရရှိလာခဲ့တာဖြစ်ပြီး စာချုပ်သစ်ရဲ့ သက်တမ်းကတော့ ၂၀၁၉ ခုနှစ်အထိ ဖြစ်တယ်လို့ သိရပါတယ်။

Jackie

#celebrity.thithtoolwin.com

Ref: TMZ