Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / F&F ဇာတ်လမ်းတွေမှာ ပေါလ်ဝေါ်လ်ကာရဲ့နေရာကို အစားထိုးဖို့ ဂျက်စတင်ဘီဘာကို လျာထားတယ်လို့ သတင်းထွက်

F&F ဇာတ်လမ်းတွေမှာ ပေါလ်ဝေါ်လ်ကာရဲ့နေရာကို အစားထိုးဖို့ ဂျက်စတင်ဘီဘာကို လျာထားတယ်လို့ သတင်းထွက်

| No comment


MoviePilot ရဲ့အဆိုအရတော့ လာမယ့် Fast & Furious ဇာတ်လမ်းတွေရဲ့ ပေါလ်ဝေါ်လ်ကာရဲ့ ဇာတ်ကောင် Brian O'Connor ရဲ့ နေရာမှာ ဂျက်စတင်ဘီဘာသရုပ်ဆောင်သွားမယ့် ဇာတ်ကောင်တစ်ခုနဲ့ အစားထိုးသွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဒီသတင်းအတွက် တရားဝင် ထုတ်ပြန်ချက်မျိုး မရှိသေးပေမယ့်လည်း ဘီဘာဟာ ဗင်ဒီဇယ်ရဲ့ ဇာတ်ကောင် Dominic ရဲ့ မိတ်ဆွေအနေနဲ့ဖြစ်ဖြစ် လူးကပ်စ်ဘလက်ရဲ့ ဇာတ်ကောင် Sean ရဲ့ မိတ်ဆွေအနေနဲ့လည်း ပါဝင်လာဖွယ်ရှိနေပါတယ်။

ဒါ့ကြောင့် ဘီဘာနဲ့ ဘလက်အတွဲဟာ ဝေါ်လ်ကာနဲ့ ဗင်ဒီဇယ်တို့ အတွဲအဖက်လို F&F ဇာတ်လမ်းတွဲတွေမှာ အတွဲအဖက်ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။

F&F 9 မှာတော့ မင်းသမီး Charlize Theron က အဓိက ဗီလိန်ဖြစ်လာနိုင်ပြီး ၊ သရုပ်ဆောင်သစ်တွေအနေနဲ့ ဘီဘာအပြင် မော်ဒယ်လ် Cara Delevinge ကလည်း team up လုပ်ကာ ပါဝင်လာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Jackie

#celebrity.thithtoolwin.com

Ref: MoviePilot