Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဆလီနာဂိုးမက်ဇ်နဲ့ ပြန်တွေ့နေတဲ့သတင်းတွေကို ရှောင်ပြေးနေတဲ့ JB

ဆလီနာဂိုးမက်ဇ်နဲ့ ပြန်တွေ့နေတဲ့သတင်းတွေကို ရှောင်ပြေးနေတဲ့ JB

| No comment


ဂျက်စတင်ဘီဘာကတော့ ဆလီနာဂိုးမက်ဇ်နဲ့ ကော်ဖီဆိုင်မှာ အတူတူ ထိုင်နေတဲ့ ပုံတွေ တက်လာအပြီးမှာ သူတို့နှစ်ယောက် ပြန်တွဲကတော့မှာလားဆိုတဲ့ သတင်းတွေကလည်း ပျံလို့လာပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က JOi cafe မှာ မနက်စာ စားရင် သူတို့နှစ်ယောက်တွေ့ခဲ့ကြတာဖြစ်ပြီး ဒီမနက်စာ အကြောင်းကို မေးမြန်းမှုတွေပြုလုပ်ရာမှာတော့ ဂျက်စတင်က သူ့အနေနဲ့ ဒီမနက်စာအကြောင်းကို မသိရှိရကြောင်း ပြောဆိုပြီး မီဒီယာတွေရဲ့ အမေးအမြန်းတွေကို အရူးလုပ်ကာ ရှောင်ပြေးနေခဲ့ပါတယ်။

သူတို့နှစ်ယောက်ကတော့ သူငယ်ချင်းဆက်ဆံရေးအဖြစ် ကောင်းမွန်တဲ့ အနေအထားတစ်ခုကို ပြန်လည်ရောက်ရှိနေတာဖြစ်ပြီး သူတို့ကို ဘုရားရှိခိုးကျောင်းတစ်ခုမှာ အတူတူ ထိုင်နေတာကိုလည်း တွေ့ခဲ့ရတယ်လို့ သိရသလို ဆလီနာရဲ့ အိမ်ကိုလည်း ဂျက်စတင်တစ်ယောက် အဝင်အထွက်တွေရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဆလီနာဂိုးမက်ဇ်နဲ့ ချစ်သူ The Weeknd တို့ကတော့ အချစ်ရေးကောင်းမွန်နေပြီး တည်ငြိမ်တဲ့ အနေအထားမှာရှိနေတယ်လို့လည်း သိရပါတယ်။

Jackie

#celebrity.thithtoolwin.com

Ref: aceshowbiz