မင်းသားချော Kim Soo Hyun ကတော့ လောလောဆယ်မှာ ကိုးရီးယားစစ်တပ်အတွက် စစ်မှုထမ်းနေပြီး သူ့ရဲ့ စစ်တပ်တွင်းက ဓာတ်ပုံတစ်ပုံကို ပရိသတ်တွေထံ မျှဝေလိုက်ပါတယ်။
'My Love from the Star' သရုပ်ဆောင်ကတော့ ဆံပင်ပုံစံလုံးဝအတိုနဲ့ နှုတ်ခမ်းမွှေးအနည်းငယ်ထွက်နေတဲ့ ပုံကို တင်ခဲ့တာပါ။
အသက် ၂၉ နှစ်အရွယ် မင်းသားဟာ Gyeonggi-do စစ် အခြေစိုက်စခန်းမှာ တပ်သားအမှတ်စဉ် 117 နဲ့ တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သူ့ရဲ့ပရိသတ်တွေကတော့ ဒီပုံပေါ်မှာ "Wow! ဆံပင်အရမ်းတိုသွားပေမယ့် ကြည့်လို့ကောင်းနေတုန်းပဲ" စတဲ့ comment တွေကို ပေးထားတာကိုလည်း တွေ့ရပါတယ်။
Jackie
#sport.thithtoolwin.com
Ref: aceshowbiz