Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Naked Cyborg ပုံစံနဲ့ ခပ်မိုက်မိုက် "Ready for it" သီချင်းဗီဒီယိုကို တေလာဆွစ်ဖ်ချပြ

Naked Cyborg ပုံစံနဲ့ ခပ်မိုက်မိုက် "Ready for it" သီချင်းဗီဒီယိုကို တေလာဆွစ်ဖ်ချပြ

| No comment


၂၀၁၇ ကတော့ တေလာအတွက် hype အဖြစ်ဆုံးနှစ်တစ်နှစ်ဖြစ်နေပြန်ပါပြီ။ သူမအနေနဲ့တော့ သီချင်းပုံစံပြောင်းလဲမှုတွေအပြင် သီချင်းဗီဒီယို ရိုက်ကူးမှု ပုံစံတွေကလည်း တစ်ခြားအဆိုတော်တွေနဲ့ ယှဉ်ရင် အဆင့်တစ်ခုကို ရောက်အောင် လုပ်နေတာတွေကို တွေ့ရပါတယ်။

ဝှက်ဖဲတွေများခဲ့တဲ့ တေလာရဲ့ "Look What you Make me Do" သီချင်းဗီဒီယို အောင်မြင်ခဲ့ပြီးတဲ့နောက်မှာတော့ ဒုတိယမြောက် Single ဖြစ်တဲ့ Ready for it အတွက် မြူးဇစ်ဗီဒီယို ထွက်ရှိလာခဲ့ပါတယ်။



သူမအနေနဲ့ ဒီဗီဒီယိုထဲမှာ sci-fi နည်းပညာမြင့်တဲ့ ပုံစံမျိုးတွေ ရိုက်ကူးထားပြီး naked ဖြစ်နေတဲ့ cyborg အနေနဲ့ ပါဝ်ထားသလို ဝတ်ရုံရှည်နဲ့ star wars ဇာတ်ကားထဲက Jedi တွေ ပုံစံကိုလည်း ရိုက်ကူးထားတာကိုတွေ့ရပါတယ်။

သီချင်းဗီဒီယို တင်ပြီးအခုအချိန်ထိတော့ ကြည့်ရှုသူတွေများပြားနေပြီး တေလာဆွစ်ဖ်ရဲ့ Youtube Channel မှာ တရားဝင်တင်ထားခဲ့ပြီဖြစ်ပါတယ်။



Jackie

#celebrity.thithtoolwin.com

Ref: TMZ