Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Austin Mahone နှင့် Codeko တို့ရဲ့ သီချင်းသစ် 'Say Hi' ထွက်ရှိလာ

Austin Mahone နှင့် Codeko တို့ရဲ့ သီချင်းသစ် 'Say Hi' ထွက်ရှိလာ

| No comment



လန်ဒန်အခြေစိုက် ပရိုဂျူဆာ Codeko က ပေါ့ပ်စတာ Austin Mahone ရဲ့ အကူအညီနှင့်အတူ ခေါင်းလောင်းသံနှင့် လေချွန်သံများပါဝင်ပြီး ငယ်ရွယ်မှုရသကို ခံစားရမည့် လိုက်ဆိုလို့ကောင်းတဲ့ သီချင်းသစ် 'Say Hi' ကို ထုတ်လုပ်လိုက်ပါတယ်။ သူတို့နှစ်ယောက်က ၂၄ နာရီအတွင်းမှာ ဖျော်ဖြေမှု ၈ ခုနှင့်အတူ တက္ကသိုလ်နယ်မြေကို ကြီးစိုးခဲ့တာကြောင့် ဒီသီချင်းကို University of Arizona က ပထမဆုံး နားဆင်ခံစားခဲ့ရတာဖြစ်ပါတယ်။

ရက် ၂၀ ကျော်ကြာမြင့်တဲ့ မြောက်အမေရိက နယ်လှည့်ဖျော်ဖြေပွဲက ပြန်လာတဲ့ Mahone က စိတ်ရွှင်လန်းစေမည့် ဒီသီချင်းအတွက် သူ့ရဲ့ နွေးထွေးတဲ့ အသံနှင့် သီဆိုပေးထားပါတယ်။ "I love it when you call just to say hi." ဆိုပြီး Mahone သီဆိုထားသည့်အတိုင်း သီချင်းရဲ့ သံစဉ်က မျှော်လင့်ချက်ကို တည်ဆောက်ပေးနေပါတယ်။ သူက Hardwell နှင့်အတူ "Creatures of the Night" သီချင်းလည်း ထွက်ရှိခဲ့ပြီး ဒီသီချင်းက Spotify မှာ လက်ရှိ အကြိမ်ရေ သန်း ၂၀ ကျော် နားထောင်ထားပါတယ်။

“ကျွန်တော် 'Say Hi' ကို လုပ်နေတာ ၁ နှစ်ကျော်ကြာပြီ။ ခုချိန်မှာ ဒီသီချင်းက ကျွန်တော်ရဲ့ အအောင်မြင်ဆုံး သီချင်းပဲ။ Cambridge က ကျွန်တော့် အိပ်ဆောင်မှာ ရေးခဲ့တဲ့ သီချင်းက Austin Mahone နဲ့အတူ Astralwerks မှာ အသက်ဝင်လာတာကို မြင်ရတာ မယုံနိုင်စရာပါပဲ” လို့ Codeko က Billboard ကို ပြောပြခဲ့ပါတယ်။

RII