Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ပထမဆုံး The Avengers: Infinity War ဇာတ်လမ်းနမူနာ ထွက်ရှိလာ

ပထမဆုံး The Avengers: Infinity War ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment



ပရိသတ်တွေ လပေါင်းများစွာ စောင့်စားခဲ့ရပြီး Marvel Cinematic Universe က နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရတဲ့ Avengers: Infinity War ဇာတ်လမ်းနမူနာက နောက်ဆုံးတော့ ရောက်ရှိလာပါပြီ။ ပိုစတာအသစ်လည်း ထွက်ရှိလာပါတယ်။
Avengers: Infinity War အတွက် အတည်ပြုထားတဲ့ သရုပ်ဆောင်တွေကတော့ Robert Downey Jr., Chris Evans, Mark Ruffalo, Scalett Johansson, Chris Hemsworth, Anthony Mackie, Paul Bettany, Elizabeth Olson, Jeremy Renner, Chadwick Boseman, Sebastian Stan, Don Cheadle, Chris Pratt, Dave Bautista, Zoe Saldana, Pom Klementieff, Benedict Cumberbatch, Benedict Wong, Sean Gunn, Tom Holland, Josh Brolin နှင့် Paul Rudd တို့ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Brolin ရဲ့ Thanos နှင့် သူ့ရဲ့ Black Order ကို ရင်ဆိုင်ဖို့ Earth’s Mightiest Heroes တွေက Guardians of the Galaxy နှင့် ပေါင်းစည်းရမှာဖြစ်ပါတယ်။
Avengers: Infinity War နှင့် အမည်မပေးရသေးတဲ့ နံပါတ် ၄ ဇာတ်ကားကို Captain America: The Winter Soldier နှင့်  Captain America: Civil War တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anthony နှင့် Joe Russo တို့က ရိုက်ကူးထားပြီး Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ့်။ အဲ့ဒီနောက်မှာတော့ Avengers တွေက အမည်မပေးရသေးတဲ့ နံပါတ် ၄ ဇာတ်ကားအတွက် ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်မှာ ပြန်လည်ဆုံစည်းရဦးမှာဖြစ်ပါတယ်။

RII