Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Chris Pratt ပါဝင်သော Jurassic World: Fallen Kingdom ပထမဆုံး ဇာတ်လမ်းနမူနာအမြည်း ထွက်ရှိလာ

Chris Pratt ပါဝင်သော Jurassic World: Fallen Kingdom ပထမဆုံး ဇာတ်လမ်းနမူနာအမြည်း ထွက်ရှိလာ

| No comment



Jurassic World: Fallen Kingdom ရဲ့ ပထမဆုံး ဇာတ်လမ်းနမူနာအမြည်းကို Universal Pictures က ဖော်ပြလိုက်ပါပြီ။ ဇာတ်လမ်းနမူနာအပြည့်အစုံကိုတော့ Star Wars: The Last Jedi နှင့်အတူ ပြသမည်ဟု ယူဆရပါတယ်။ Fallen Kingdom ဇာတ်လမ်းနမူနာ အမြည်းထဲမှာတွေ့ရတာကတော့ raptor Blue ရဲ့ နောက်ကြောင်းကို ပြန်ပြတာ ဒါမှမဟုတ် Blue ရဲ့ သားပေါက်လေးလည်း ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်သမိုင်ကြောင်းမှာ လူကြိုက်အများအဆုံးနှင့် အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေကထဲက တစ်ခုဖြစ်ပြီး ထူးဆန်းထွေလာ၊ သည်းထိတ်ရင်ဖို၊ စွန့်စားခန်းတွေ ပြည့်နက်နေတဲ့ ဇာတ်လမ်းအသစ်စက်စက်ထဲမှာ ပရိသတ်အချစ်တော် ဇာတ်ကောင်များနှင့် ဒိုင်နိုင်ဆောများ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး အရင်ကထက်ပိုပြီး အံ့ဖွယ် ကြောက်ဖွယ်ကောင်းတဲ့ မျိုးဆက်သစ်တွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ Jurassic World: Fallen Kingdom မှ ကြိုဆိုပါတယ်။

အမှုဆောင်ထုတ်လုပ်သူ Steven Spielberg နှင့် Colin Trevorrow တို့ရဲ့ Universal Pictures နှင့် Amblin Entertainment အတွက် Jurassic World: Fallen Kingdom မှာ မင်းသား Chris Pratt နှင့် Bryce Dallas Howard တို့က ပြန်လည်ပါဝင်ထားပါတယ်။ Pratt နှင့် Howard တို့နှင့်အတူ James Cromwell, Ted Levine, Justice Smith, Geraldine Chaplin, Daniella Pineda, Toby Jones, Rafe Spall တို့ကလည်း တွဲဖက်ပါဝင်ထားပြီး BD Wong နှင့် Jeff Goldblum တို့ကလည်း ၄င်းတို့ရဲ့ ဇာတ်ကောင်အတိုင်း ပြန်လည်ပါဝင်ထားပါတယ်။

ဒီအက်ရှင်စွန့်စားခန်း ဇာတ်ကားကို J.A. Bayona (The Impossible) က ရိုက်ကူးထားပြီး Jurassic World ရဲ့ ဒါရိုက်တာ၊ Trevorrow နှင့် Derek Connolly တို့ တွဲဖက်ဇာတ်လမ်းရေးသားထားပါတယ်။ ပရိုဂျူဆာ Frank Marshall နှင့် Pat Crowley တို့က Spielberg နှင့် Trevorrow တို့နှင့်ပူးပေါင်းပြီး ဒီဇာတ်ကားအတွက် ရိုက်ကူးရေးအဖွဲကို ဦးဆောင်ခဲ့ပါတယ်။ Belén Atienza ကလည်း ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

Jurassic World: Fallen Kingdom ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၂ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


RII