Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney•Pixar မှ The Incredibles 2 ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာထွက်ရှိလာ

Disney•Pixar မှ The Incredibles 2 ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာထွက်ရှိလာ

| No comment



ဒီဟာကို ကြည့်ပြီးသွားရင် စူပါဝတ်စုံသွားရှာချင်စိတ် ပေါက်လာမှာပါ။ အချိန်အကြာကြီး စောင့်မျှော်နေခဲ့ရတဲ့ Incredibles 2 အတွက် ပထမဆုံး ဇာတ်လမ်းနမူနာနှင့် ပိုစတာကို Disney•Pixar က ဖော်ပြလိုက်ပါပြီ။

Incredibles 2 ဇာတ်ကားထဲမှာ အားလုံးရဲ့အချစ်တော် စူပါဟီးရိုးမိသားစုက ပြန်ရောက်လာပါပြီ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ Bob (အသံသရုပ်ဆောင် Craig T. Nelson) ကို Violet (အသံသရုပ်ဆောင် Sarah Vowell) နှင့် Dash (အသံသရုပ်ဆောင် Huck Milner) တို့နှင့်အတူ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ဖို့အတွက် အိမ်မှာထားခဲ့ပြီး Helen (အသံသရုပ်ဆောင် Holly Hunter) က ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားထားမှာပါ။ ဒါက အားလုံးအတွက် ခက်ခဲတဲ့ ပြောင်းလဲမှုဖြစ်ပြီး ပိုပြီးခက်ခဲစေတာကတော့ မိသားစုဝင်တွေက ကလေးလေး Jack-Jack ရဲ့ ထွက်ပေါ်စပြုနေတဲ့ စူပါပါဝါကို သတိမပြုမိသေးတာပါပဲ။ ဗီလိန်အသစ်က ထူးခြားပြောင်မြောက်ပြီး အန္တရာယ်များတဲ့ အကြံကို ကြံစည်လာတဲ့အခါမှာတော့ သူတို့မိသားစုက Frozone (အသံသရုပ်ဆောင် Samuel L. Jackson) နှင့်အတူ နောက်တစ်ကြိမ် လက်တွဲဆောင်ရွက်နိုင်ဖို့ နည်းလမ်းရှာရမှာဖြစ်ပါတယ်။ အားလုံးက Incredibles ဖြစ်နေပေမယ့် အပြောလွယ် အလုပ်ခက်ပါတယ်။

Brad Bird (Iron Giant, The Incredibles) က ရိုက်ကူးထားပြီး John Walker (The Incredibles) နှင့် Nicole Grindle (Sanjay’s Super Team short, Toy Story 3 associate producer) တို့က ထုတ်လုပ်ထားတဲ့ Incredibles 2 ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၅ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

RII