Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Empire မဂ္ဂဇင်း မျက်နှာဖုံးသစ်များပေါ်မှာ Light Side နှင့် Dark Side ကို ဖော်ပြထားသည့် Star Wars: The Last Jedi

Empire မဂ္ဂဇင်း မျက်နှာဖုံးသစ်များပေါ်မှာ Light Side နှင့် Dark Side ကို ဖော်ပြထားသည့် Star Wars: The Last Jedi

| No comment



Walt Disney Pictures နှင့် Lucasfilm တို့ရဲ့ Star Wars: The Last Jedi မှ Rey နှင့် Kylo Ren တို့ပါဝင်သည့် Empire မဂ္ဂဇင်း မျက်နှာဖုံးသစ် ၄ ခုထွက်ရှိလာပါတယ်။

 Star Wars: The Last Jedi ဇာတ်ကားထဲမှာ Skywalker စွန့်စားခန်းကြီးက ဆက်လက်ပြီး The Force Awakens ထဲက သူရဲကောင်းတွေက အာကာသထဲက နာမည်ကျော်တွေနှင့် ပူးပေါင်းပြီး the Force ရဲ့ နှစ်ပေါင်များစွာကြာမြင့်နေတဲ့ ပဟေဠိကို ဖြေရှင်းနိုင်မည့် စွန့်စားခန်းထွက်ရင်း အတိတ်က တုန်လှုပ်ဖွယ် လျှို့ဝှက်ချက်တွေကို သိလိုက်ရပါတယ်။ ဒီဇာတ်ကားမှာ Mark Hamill, ကွယ်လွန်သွားပြီဖြစ်တဲ့ Carrie Fishe, Adam Driver, Daisy Ridley, John Boyega, Oscar Isaac, Lupita Nyong’o, Andy Serkis, Domhnall Gleeson, Anthony Daniels, Gwendoline Christie, Kelly Marie Tran, Laura Dern နှင့် Benicio Del Toro တို့ပါဝင်ထားပါတယ်။ Star Wars: The Last Jedi ဇာတ်ကားကို Episode IX နောက်ပိုင်ကစပြီး Star Wars ဇာတ်လမ်းတွဲအသစ်စက်စက်ကို တည်ထောင်မည်ဟု မကြာသေးခင်က ကြေညာထားတဲ့ Rian Johnson က ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားကို Kathleen Kennedy နှင့် Ram Bergman တို့က ထုတ်လုပ်မှာဖြစ်ပြီး J.J. Abrams, Jason McGatlin နှင့် Tom Karnowski က အလုပ်မှုဆောင်အဖြစ် ထုတ်လုပ်မှာဖြစ်ပါတယ်။

The Last Jedi ဇာတ်ကားကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်တွင် ရုံတင်ပြသမှာဖြစ်ပါတယ်။

RII