Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့ဝင် Kai ပါဝင်ထားသည့် “Spring Has Come” ဂျပန်ဇာတ်လမ်းတွဲတိုမှ ပုံရိပ်များ ထွက်ရှိလာ

EXO အဖွဲ့ဝင် Kai ပါဝင်ထားသည့် “Spring Has Come” ဂျပန်ဇာတ်လမ်းတွဲတိုမှ ပုံရိပ်များ ထွက်ရှိလာ

| No comment



မကြာခင်မှာ ထုတ်လွှင့်မည့် “Spring Has Come” ဂျပန်ဇာတ်လမ်းတွဲတိုတွင် ပါဝင်မည့်သရုပ်ဆောင်များနှင့် ဇာတ်လမ်းအကြောင်းအရာကို ဖော်ပြပေးလိုက်ပါပြီ။

WOWOW ရုပ်သံလိုင်းမှ ထုတ်လွှင့်မည့် အပိုင်း ၅ ပိုင်းပါဝင်သည့် ဇာတ်လမ်းတွဲတို “Spring Has Come” မှာ EXO အဖွဲ့ဝင် Kai က ခေါင်းဆောင်မင်းသားနေရာက ပါဝင်မှာဖြစ်ကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ Kuniko Mukōda ရေးသားထားတဲ့ အမည်တူ မူရင်း ဂျပန်ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ Kai က မင်းသမီး Kurashina Kana နှင့်တွဲဖက်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းတွဲ website က EXO အဖွဲ့ သီဆိုထားသည့် "Lovin' You Mo" ဇာတ်ဝင်သီချင်း အကြိုခံစားမှု၊ Kai, Kurashina Kana နှင့် အခြားသရုပ်ဆောင်များ ပါဝင်သည့် ပုံရိပ်များနှင့်အတူ ဇာတ်လမ်းအကြောင်းအရာသစ်မျာကို ဖော်ပြထားပါတယ်။ Kai က ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိလာတဲ့ ကိုရီးယားလူမျိုး ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူ့ကြောင့် ခေါင်းဆောင်မင်းသမီးနှင့် သူမ မိသားစုရဲ့ ဘဝတွေက ပြောင်းလဲသွားမှာဖြစ်ပါတယ်။

Kurashina က သူမရဲ့ တွဲဖက်သရုပ်ဆောင်နှင့် ပတ်သက်ပြီး “Kai ရှိနေတာနဲ့တင် ရိုက်ကွင်းက ပိုပြီးအသက်ဝင်လာတာပါ” လို့ ပြောပြခဲ့ပြီး ဇာတ်လမ်းတွဲထဲမှာ အမေအဖြစ်သရုပ်ဆောင်တဲ့ Takahata Atsuko ကလည်း “Kai က မိုးရွာပြီးနောက်မှာ တိုက်ခတ်လာတဲ့ လေပြေလေညှင်းလေးအတိုင်းပါပဲ” လို့ ပြောပြခဲ့ပါတယ်။

“Spring Has Come” ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

RII