Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့၏ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ကြသော အနုပညာရှင်မျာ

EXO အဖွဲ့၏ ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ကြသော အနုပညာရှင်မျာ

| No comment



EXO အဖွဲ့က နိုဝင်ဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ "EXO PLANET #4 – The EℓyXiOn” ဖျော်ဖြေပွဲကို ဆိုးလ်မြို့မှာရှိတဲ့ Gocheok Sky Dome မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲကို မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များက တက်ရောက်ခဲ့ကြပါတယ်။
ထုံးစံအတိုင်း SM Entertainment က အနုပညာရှင်များတက်ရောက်ခဲ့ကြပြီး အေဂျင်စီရဲ့ official Instagram မှာ ဓာတ်ပုံတွေမျှဝေခဲ့ပါတယ်။ ပထမဆုံးပုံမှာတော့ Super Junior အဖွဲ့ဝင် Eunhyuk, Girls’ Generation အဖွဲ့ဝင် YoonA နှင့် SHINee အဖွဲ့ဝင် Minho တို့က ဖျော်ဖြေပွဲအပြီးမှာ EXO အဖွဲ့နှင့် တွဲရိုက်ထားပါတယ်။ နောက်ထပ်ပုံတွေမှာတော့ ပရိုဖက်ရှင်နယ် ဘေ့စ်ဘောကစားသမား Lee Jung Hoo နှင့် မော်ဒယ်ုSong Hae Na နှင့် Jung Chae Yull တို့ရဲ့ပုံတွေကို ဖော်ပြထားပါတယ်။ Lee Jung ရဲ့ အေဂျင်စီ galaxiaSM နှင့် Song Hae Na နှင့် Jung Chae Yull တို့ရဲ့ အေဂျင်စီ ESteem ၂ ခုလုံးက SM Entertainment Group ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
YoonA က သက်တူရွယ်တူ သူငယ်ချင်း Xiumin နှင့် Suho တို့နှင့် ဓာတ်ပုံတွဲရိုက်ခဲ့ပြီး သူမကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။
Song Hae Na နှင့် Jung Chae Yull တို့ကလည်း Chanyeol နှင့်တွဲရိုက်ထားတဲ့ပုံကို မျှဝေခဲ့ပါတယ်။
Lee Joon Ki ကလည်း “Scarlet Heart: Goryeo” ဇာတ်လမ်းတွဲမှာ အတူသရုပ်ဆောင်ခဲ့တဲ့ Baekhyun နှင့်တွဲရိုက်ထားတဲ့ပုံကို "ဒီလောက်ကောင်းတဲ့ ဖျော်ဖြေမှုထဲမှာ ကြိုးစားအားထုတ်မှုတွေ စိတ်အားထက်သန်မှုတွေ ပါဝင်နေမလဲဆိုတာ မတွေးဝံ့စရာပါပဲ။ ပွဲကျင်းပနေတဲ့ တစ်ချိန်လုံး ပရိသတ်တွေရဲ့ နွေးထွေးတဲ့ အချစ်တွေကို ခံစားမိပါတယ်။" လို့ ရေးသားထားပြီး Baekhyun က သူ့ထက် အသက်ငယ်ပေမယ့်လည်း Baekhyun ထံက အများကြီး သင်ယူခဲ့ရပြီး သူ့ကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ထားပါတယ်။
CNBLUE အဖွဲ့ဝင် Lee Jong Hyun နှင့်အတူ Choi Tae Joon ဖျော်ဖြေပွဲအပြီးမှာ Chanyeol နှင့်တွဲရိုက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။
မကြာခင်က Chen နှင့်အတူ SM STATION အတွက် သီချင်းတွဲဆိုခဲ့တဲ့ 10cm အဖွဲ့ဝင် Kwon Jung Yeol လည်း တက်ရောက်ခဲ့ပါတယ်။
သရုပ်ဆောင် Kim Hee Chan ကလည်း “Glory Day” မှာ အတူသရုပ်ဆောင်ခဲ့တဲ့ Suho နှင့် အခြားသူငယ်ချင်းတွေနှင့် ရိုက်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။

RII