Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Fantastic Beasts ဒုတိယမြောက် ဇာတ်ကားအမည်နှင့် မှော်ဆန်သော ပထမဆုံး ပုံရိပ်ထွက်ရှိလာ

Fantastic Beasts ဒုတိယမြောက် ဇာတ်ကားအမည်နှင့် မှော်ဆန်သော ပထမဆုံး ပုံရိပ်ထွက်ရှိလာ

| No comment



Fantastic Beasts ဒုတိယမြောက် ဇာတ်ကားအမည်ကို Fantastic Beasts: The Crimes of Grindelwald အဖြစ် သတ်မှတ်လိုက်ကြောင်း Warner Bros. Pictures က ဒီနေ့ပဲကြေညာလိုက်ပါတယ်။ ဇာတ်လမ်းအမည်နှင့်အတူ မှော်ဆန်သော ပထမဆုံး ပုံရိပ်ပါထွက်ရှိလာပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားဟာ J.K. Rowling ရဲ့ Wizarding World ထဲမှာ အခြေတည်ထားတဲ့ အသစ်စက်စက်ဇာတ်ကား ၅ ကားပါဝင်မည့် ဇာတ်လမ်းတွဲထဲက ဒုတိမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဒီနေ့ကနေ တစ်နှစ်တိတိအကြာဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ရုံ
တင်ပြသမည့် ဒီဇာတ်ကားမှာ Eddie Redmayne, Katherine Waterston, Dan Fogler, Alison Sudol, Ezra Miller တို့နှင့်အတူ Jude Law နှင့် Johnny Depp တို့က ဦးဆောင်ပါဝင်မှာဖြစ်ပါတယ်။

ပထမဇာတ်ကားရဲ့ အဆုံးသတ်မှာ နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald ကို Newt Scamander ရဲ့ အကူအညီနှင့် MACUSA (Magical Congress of the United States of America) က ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရအောင် ထွက်ပြေးပြမယ်လို့ ကတိပေးထားတဲ့အတိုင်း Grindelwald က လွတ်မြောက်သွားပြီး မှော်ပညာမတတ်သူတွေရဲ့ အထက်မှာ သွေးသန့်မှော်ဆရာတွေကို မြှောက်စားဖို့ နောက်လိုက်တွေ စုဆောင်းပါတော့တယ်။

Grindelwald ရဲ့ အကြံအစည်ကို ဖျက်စီးဖို့အတွက် Albus Dumbledore (Jude Law သရုပ်ဆောင်သည်) က သူ့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ Newt Scamander ကို  အကူအညီတောင်းခဲ့ပါတယ်။ ရှေ့လျှောက်ကြုံတွေ့ရမည့် အန္တရာယ်တွေကို သတိမမူမိတဲ့ Newt က ကူညီဖို့ သဘောတူခဲ့ပါတယ်။ သဘောထားကွဲလွဲမှုတွေ တိုးပွားလာတဲ့ မှော်လောကကြီးထဲမှာ အစစ်မှန်ဆုံး မိတ်ဆွေတွေနှင့် မိသားစုတွေကြားက ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုတွေကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားကို David Heyman, J.K. Rowling, Steve Kloves နှင့် Lionel Wigram တို့က ထုတ်လုပ်ထားပြီး J.K. Rowling ရဲ့ ဇာတ်ညွှန်းကို David Yates က ရိုက်ကူးမှာဖြစ်ပါတယ်။

ဓာတ်ပုံထဲတွင် ဖော်ပြထားသည့်အတိုင်း ဝဲမှယာသို့ - J.K. Rowling ရဲ့ လူချစ်လူခင်များတဲ့ ဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ လူငယ် Albus Dumbledore အဖြစ် Jude Law၊ ပထမဇာတ်ကားရဲ့ အဆုံးသတ်မှာ သူ့ကံကြမ္မာက ဘယ်လိုဖြစ်သွားလဲ မသိလိုက်ရတဲ့ Credence ကလည်း ပဟေဠိဆန်ဆန် ပြန်ပါလာပြီးတော့ Ezra Miller ကပဲ သရုပ်ဆောင်ထားပါတယ်။ နောက်ဆုံးမှာ သတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားဖို့ ကံကြမ္မာပါလာတဲ့ သွေးကျိမ်စာကို သယ်ဆောင်ထားသူ Maledictus အဖြစ် Claudia Kim၊ Zoë Kravitz ကတော့ Newt ရဲ့ အတိတ်က ပတ်သက်ခဲ့ပြီး အခုတော့ သူ့အစ်ကိုနှင့် စေ့စပ်ထားတဲ့ Leta Lestrange အဖြစ်၊ Callum Turner က Newt ရဲ့ အစ်ကိုကြီးဖြစ်ပြီး စစ်သူရဲကောင်း နှင့် British Ministry of Magic က Auror Office ရဲ့ ခေါင်းဆာင် Theseus Scamander အဖြစ်၊ Katherine Waterston က MACUSA မှာ Auror အဖြစ် ပြန်လည်ခံအပ်ခြင်းခံရတဲ့ Tina Goldstein အဖြစ်၊ Eddie Redmayne လက်ရှိမှာ Fantastic Beasts and Where to Find Them စာအုပ်ရဲ့ စာရေးဆရာအဖြစ် မှော်လောကမှာ ကျော်ကြားလာသူ မှော်ဝင်သတ္တဝါတွေကို စောင့်ရှောက်တဲ့ Newt Scamander အဖြစ်၊ Dan Fogler က အဖွဲ့ထဲမှာ တစ်ဦးတည်သော No-Maj ဖြစ်တဲ့ Jacob Kowalski အဖြစ်၊ Alison Sudol က စိတ်ဖတ်နိုင်စွမ်းရှိတဲ့ Legilimens တစ်ယောက်ဖြစ်ပြီး Tina ရဲ့ ပျော်ပျော်နေတတ်တဲ့ညီမ Queenie Goldstein အဖြစ်၊ Johnny Depp က အစွမ်းထက်ပြီး ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald အဖြစ် Warner Bros. Pictures ၏ Fantastic Beasts: The Crimes of Grindelwald  ပါဝင်ထားကြောင်း နိုဝင်ဘာလ ၁၆ ရက်က ဖော်ပြလိုက်ပါတယ်။

RII