Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Hotel Transylvania 3: Summer Vacation ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Hotel Transylvania 3: Summer Vacation ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment



Hotel Transylvania 3: Summer Vacation ဇာတ်လမ်းအတွက် ပထမဆုံးနမူနာကို Sony Pictures Animation က ဖြန့်ချိလိုက်ပါပြီ။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၃ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Sony Pictures Animation ရဲ့ Hotel Transylvania 3 ဇာတ်ကားမှာ ဟိုတယ်မှာပဲ သူများတွေရဲ့ အပန်းဖြေခရီးအတွက် ဝန်ဆောင်မှုပေးနေရတဲ့ Dracula အတွက် Mavis က ဇိမ်ခံသင်္ဘောကြီးပေါ်မှာ မိသားစုလိုက် နွေရာသီအပန်ဖြေဖို့ စီစဉ်ပေးလိုက်တော့ ကျန်တဲ့ အဖွဲ့သားတွေလည်း လိုက်မလာဘဲ မနေနိုင်ပါဘူး။ သင်္ဘောပေါ်က ကမ်းလှန်းလာသမျှ ပျော်ရွှင်ဖွယ်တွေကို ခံစားရင်း မွန်းစတားတွေအားလုံး ပျော်ရွှင်နေပေမယ့် Drac တစ်ယောက် စိတ်ဝင်စားဖွယ်ကောင်းပေမယ့် အန္တရာယ်များတဲ့ သင်္ဘော ရေယာဉ်မှူးကို ကြွေမိသွားတဲ့အခါမှာတော့ မမျှော်လင့်ထားတာတွေ ဖြစ်လာပါတော့တယ်။ မိသားစု၊ မိတ်ဆွေတွေနှင့် အစပျိုးနေတဲ့ ချစ်ဇာတ်လမ်းကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ဖို့က အစွမ်းအထက်ဆုံး ဗန်ပိုင်ယာကြီးအတွက်တောင် မလွယ်ကူနိုင်ပါဘူး။

Dracula (Adam Sandler), Mavis (Selena Gomez), Johnny (Andy Samberg), Griffin the invisible man (David Spade), Wanda (Molly Shannon) & Wayne (Steve Buscemi) the werewolves, Murray the mummy (Keegan-Michael Key), Dennis (Asher Blinkoff), Frank (Kevin James) & Eunice (Fran Drescher) နှင့် Blobby တို့အပါအဝင် Drac ရဲ့ အဖွဲ့သားတွေအားလုံး နောက်နှစ်နွေရာသီမှာ ပြန်ရောက်လာတော့မှာပါ။

Hotel Transylvania 3 ကို Genndy Tartakovsky က ရိုက်ကူးထားပါတယ်။ Tartakovsky ကပဲ Michael McCullers နှင့်အတူ ဇာတ်ညွှန်းရေးသားထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို Michelle Murdocca က ထုတ်လုပ်ထားပြီး Adam Sandler က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။

၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hotel Transylvania က ဇာတ်ကားက ရွှေကမ္ဘာလုံးဆု ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး U.S. box office မှာ စက်တင်ဘာလအတွက် ပွဲဦးထွက်ဝင်ငွေ အကောင်းဆုံးဖြစ်ခဲ့ပြီး အဲ့ဒီစံချိန်ကို ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Hotel Transylvania 2 က ချိုးဖျက်နိုင်ခဲ့ပါတယ်။ ဇာတ်ကား ၂ ကားလုံးကို Sony Pictures Animation က ထုတ်လုပ်ပြီး Columbia Pictures က ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

RII