Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / “She’s Not A Robot?!” ဇာတ်လမ်းတွဲအတွက် လူသားထိတွေ့မှုကို ရှောင်ကြဉ်ရန် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသည့် Yoo Seung Ho ၏ ပုံရိပ်များထွက်ရှိလာ

“She’s Not A Robot?!” ဇာတ်လမ်းတွဲအတွက် လူသားထိတွေ့မှုကို ရှောင်ကြဉ်ရန် တစ်ကိုယ်လုံးကို ဖုံးကွယ်ထားသည့် Yoo Seung Ho ၏ ပုံရိပ်များထွက်ရှိလာ

| No comment



MBC ရုပ်သံလိုင်းမှ ဗုဒ္ဓဟူး-ကြာသပတေးနေ့မှာ ထုတ်လုပ်လွှင့်မည့် ဇာတ်လမ်းတွဲသစ် “She’s Not A Robot?!”  အတွက် Yoo Seung Ho ၏ ခေါင်းအစ ခြေအဆုံး ဖုံးကွယ်ထားတဲ့ ပုံရိပ်တွေကို မြင်ရတာကြောင့် သူ့ဇာတ်ကောင်ရဲ့ “လူသားတွေနှင့် ဓာတ်မတည့်မှု (human allergy)” က ဘယ်လောက်တောင် ဆိုးသလဲဆိုတာ ကြည့်ရှုသူတွေကို သိချင်စိတ်ဖြစ်ပေါ်စေပါတယ်။

“She’s Not A Robot?!”  ဇာတ်လမ်းတွဲမှာ Yoo Seung Ho က တခြားလူသားတွေနှင့် ဓာတ်မတည့်တဲ့ ရောဂါရှိတာက လွဲရင် အစစအရာရာပြည့်စုံသည့် Kim Min Kyu အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီရောဂါကြောင့် မျက်နှာဖုံးနှင့် လက်အိတ်တွေ ဝတ်ဆင်ထားရပြီး တခြားလူတွေနှင့် ထိတွေ့မှုကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့အတွက် ခေါက်လို့ရတဲ့ ဒုတ်တစ်ချောင်းကို  ကိုင်ဆောင်ထားရပါတယ်။ Yoo Seung Ho က ပြင်ပလောကကြီးနှင့် ဆက်ဆံရတဲ့အခါမှာ မရှိမဖြစ်တဲ့ ဒီပစ္စည်းတွေကို ဓာတ်ပုံထဲမှာ မြင်ရတာကြောင့် သူ့ဓာတ်မတည့်မှုက ဘယ်လောက်ပြင်းထန်တယ်၊ ဒါက ဇာတ်လမ်းတွဲထဲက သူ့ဇာတ်ကောင်အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတာတွေကို ကြည့်ရှုသူပရိသတ်တွေက မသိရသေးတဲ့အတွက် စိတ်ဝင်စားမှုကို လုံ့ဆော်နေပါတယ်။

“လူသားတွေနှင့် ဓာတ်မတည့်တဲ့ လူတစ်ယောက်ဖြစ်တဲ့ Kim Min Kyu ရဲ့ ရုန်းကန်လှုပ်ရှားရမှုတွေကို  Yoo Seung Ho က အပြည့်အဝ နားလည်ပါတယ်။ သူက အကြည်တစ်ချက်တိုင်း လှုပ်ရှားမှုတိုင်းမှာ သူ့ဇာတ်ကောင်ကို အသက်သွင်းပေးနေတာပါ။ ကြည့်ရှုသူတွေဆီက ကိုယ်ချင်းစာနာမှုရရှိပြီး ရယ်မောစရာတွေ ယူဆောင်လာပေးနိုင်ဖို့ ဇာတ်ရုပ်အသစ်အတွက် အားကြိုးမာန်တက် လုပ်ဆောင်နေပြီး၊ အမြဲတမ်း ဇာတ်ညွှန်းကိုလည်း စစ်ဆေးပြီး ဇာတ်ဝင်ခန်းတွေကိုလည်း ပြန်ကြည့်တတ်ပါတယ်။ သူ့ရဲ့ အားထုတ်မှုတွေကို ဇာတ်လမ်းတွဲအသစ်ထဲမှာ တွေ့မြင်ရမှာပါ” လို့ “She’s Not A Robot?!”  ရိုက်ကူးရေးအဖွဲ့က ပြောပြခဲ့ပါတယ်။

“She’s Not A Robot?!”  ဇာတ်လမ်းတွဲက လူသားတွေနှင့် ဓာတ်မတည့်တဲ့ ရောဂါကြောင့် တစ်ခါမှ ရည်းစားမထားဖူးတဲ့ ယောက်ျားတစ်ယောက်နှင့် ရှောင်လွှဲလို့မရတဲ့ အကြောင်းပြချက်တွေကြောင့် စက်ရုပ်ဟန်ဆောင်နေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို တင်ဆက်ထားတဲ့ အချစ်ဟာသဇာတ်လမ်းဖြစ်ပါတယ်။ ပထမဆုံးအပိုင်းကို ဒီဇင်ဘာလ ၆ ရက်မှာ စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။

RII