Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Steve Aoki နှင့် Desiigner တို့ပါဝင်သော BTS အဖွဲ့၏ “MIC Drop” Remix သီချင်းဗီဒီယို ထွက်ရှိလာ

Steve Aoki နှင့် Desiigner တို့ပါဝင်သော BTS အဖွဲ့၏ “MIC Drop” Remix သီချင်းဗီဒီယို ထွက်ရှိလာ

| No comment



BTS အဖွဲ့၏ “MIC Drop” Remix သီချင်းဗီဒီယိုက နောက်ဆုံးတော့ ထွက်ရှိလာပါပြီ။

“MIC Drop” သီချင်းကတော့ BTS အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ “Love Yourself: Her” အယ်လ်ဘမ်ထဲမှာပါဝင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းကို DJ Steve Aoki က အဖွဲ့နှင့် ပူးပေါင်းပြီး remix လုပ်ပေးထားတာဖြစ်ပါတယ်။ အစောပိုင်းက ပြောခဲ့တဲ့အတိုင်းပဲ ဒီသီချင်းက BTS အဖွဲ့ကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့အနေနှင့် ထွက်ရှိလာတဲ့ အထူးလက်ဆောင်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဂျပန်ဘာသာဖြင့် သီဆိုထားတဲ့ “MIC Drop” သီချင်းဗီဒီယိုအတိုကိုလည်း BTS အဖွဲ့က ချပြခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ “MIC Drop/DNA/Crystal Snow” single album က ဒီဇင်ဘာလမှာ ထွက်ရှိလာဦးမှာဖြစ်ပါတယ်။

RII