Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Superman ပါဝင်သော Justice League ဇာတ်ကား ပိုစတာများ ထွက်ရှိလာ

Superman ပါဝင်သော Justice League ဇာတ်ကား ပိုစတာများ ထွက်ရှိလာ

| No comment



ဇာတ်ကားက ရုံတင်ပြသနေပြီဖြစ်သည့်အလျှောက် Warner Bros. Pictures နောက်ဆုံးတော့ ခေါင်းစဉ်မှာ ပါဝင်ထားတဲ့သူများနှင့်အတူ Henry Cavill ရဲ့ Superman ပါဝင်သော Justice League ဇာတ်ကား ပိုစတာများကို ဖော်ပြလိုက်ပါပြီ။

ပြန်လည်ဖြစ်ပေါ်လာတဲ့ လူသားတွေအပေါ်ယုံကြည်စိတ်နှင့် Superman ရဲ့ကိုယ်ကျိုးစွန့်ဆောင်ရွက်မှုတို့၏ လှုံဆော်မှုတို့ကြောင့် Bruce Wayne ဟာ အသစ်တွေ့ရှိတဲ့ မဟာမိတ် Diana Prince ရဲ့အကူအညီနှင့် ပိုမိုကြီးမားတဲ့ရန်သူကို ရင်ဆိုင်ဖို့ဖြစ်လာပါတယ်။ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကို တွန်းလှန်ဖို့ Batman နှင့် Wonder Woman တို့အတူတကွ စွမ်းအားရှိလူသားများကို ရှာဖွေပြီး အဖွဲ့တစ်ခုထူထောင်ဖို့ အမြန်လှုပ်ရှားကြပါတယ်။ Batman၊ Wonder Woman၊ Aquaman၊ Cyborg နှင့် The Flash တို့ပါဝင်တဲ့ လူစွမ်းကောင်းများအဖွဲကို ဖွဲ့စည်းခဲ့ပေမယ့်  ရုတ်တရက်ဖြစ်ပေါ်လာတဲ့ တိုက်ခိုက်မှုကနေ ကမ္ဘာကြီးကိုကယ်တင်ဖို့ အရမ်းနောက်ကျသွားနိုင်ပါတယ်။

Zack Synder ရိုက်ကူးထားတဲ့ Justice League ဇာတ်ကားမှာ Ben Affleck က Batman အဖြစ်၊ Henery Cavill က Superman အဖြစ်၊ Gal Gadot က Wonder Woman အဖြစ်၊ Jason Mamoa က Aquaman အဖြစ်၊ Ezra Miller က The Flash အဖြစ်၊ Ray Fisher က Cyborg အဖြစ်၊ Jeremy Irons က Alfred Pennyworth အဖြစ်၊ Diane Lane က Martha Kent  အဖြစ်၊ Connie Nielsen က Queen Hippolyta အဖြစ်၊ J.K.  Simmon က Commissioner Gordon အဖြစ် အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။


RII