Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Vanity Fair မဂ္ဂဇင်းပေါ်က Avengers မျက်နှာဖုံး ၄ ခုနှင့် ၁၀ နှစ်ပြည့်အထိမ်းမှတ် ပုံရိပ်များ

Vanity Fair မဂ္ဂဇင်းပေါ်က Avengers မျက်နှာဖုံး ၄ ခုနှင့် ၁၀ နှစ်ပြည့်အထိမ်းမှတ် ပုံရိပ်များ

| No comment




Marvel Cinematic Universe မှ အနုပညာရှင်များက ၁၀နှစ်ပြည့်အထိမ်းအမှတ် ဓာတ်ပုံရိုက်ဖို့ ဆုံစည်းခဲ့ကြပြီး Marvel ၏ Kevin Feige, Disney ဥက္ကဌ Bob Iger တို့နှင့် ဇာတ်လမ်းတွဲ၏ အတိတ်နှင့် အနာဂတ်တို့ကို ဆွေးနွေးဖို့ Vanity Fair ကလည်း ရောက်ရှိနေပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ Chris Evans (Captain America), Mark Ruffalo (Hulk), Robert Downey Jr. (Iron Man), Scarlett Johansson (Black Widow), Chris Hemsworth (Thor) နှင့် Jeremy Renner (Hawkeye) တို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တာကြောင့် Avengers 4 မှာ ဇာတ်ကောင်အချို့ အနားယူသွားတာကို မြင်တွေ့ရမှာဖြစ်ကြောင်း မဂ္ဂဇင်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် Marvel မှာ အနည်းဆုံး အနှစ် ၂၀ စာလောက် ချဲ့ထွင်လို့ရတဲ့ ဇာတ်ကောင်တွေနှင့် ကမ္ဘာလောကတွေ ရှိသေးကြောင်း Disney က ကတိပေးခဲ့ပါတယ်။
"နောက်မျိုးဆက်သစ်အတွက် အများကြီး ဝမ်းသာမိပါတယ်။ ကြည်နူးဝမ်းနည်းဖွယ် ခံစားချက်တစ်ခုဖြစ်ပေမယ့် ကောင်းတဲ့ ကိစ္စတစ်ခုပါပဲ" လို့ Johansson က ပြောပြခဲ့ပါတယ်။
စတူဒီယိုမှာ ဇာတ်ကောင်ပေါင်း ၇၀၀၀ အတွက် မူပိုင်ခွင့်ရှိကြောင်း Bob Iger က မှတ်ချက်ချခဲ့ပါတယ်။ "ကျွန်တော်တို့ ရောက်ခဲ့ပြီးသား ကမ္ဘာလောကတွေကနေ ပထဝီဝင်အနေအထားအရရော အချိန်ကာလအရရော လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာလောကတွေကို လုပ်ဖို့ကြည့်နေပါတယ်" လို့ ပြောပြခဲ့ပါတယ်။
Marvel က "ဇာတ်ကား ၂၂ ကား ထွက်ခဲ့ပြီးပြီ၊ အရင်က ထွက်ခဲ့တဲ့ ဇာတ်ကားတွေကနေ လုံးဝကွဲပြားခြားနားအောင် ရည်ရွယ်ပြီးလုပ်ထားတဲ့ နောက်ထပ် ဇာတ်ကား ၂၀ အသင့်ရှိနေပါတယ်" လို့ Feige ကပြောပါတယ်။ Avengers 4 နှင့်ပတ်သက်ပြီးတော့လည်း "ဘယ်မှာမှ မမြင်ဘူးတဲ့ စူပါဟီးရိုးဇာတ်ကား အဆုံးသတ်တစ်ခုကို ယူဆောင်လာမှာပါ။ ထင်ရှားတဲ့ အချိန်အပိုင်းအခြား ၂ ခုရှိလိမ့်မယ်။ Avengers 4 မတိုင်ခင်က ဖြစ်ခဲ့တာတွေအားလုံးရယ်၊ နောက်ပိုင်းမှာ ဖြစ်တာတွေရယ်ပေါ့။ လူတွေ မျှော်လင့်ထားတဲ့ ပုံစံမျိုးမဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတယ်" လို့ ပြောပြသွားပါတယ်။
Avengers: Infinity War အတွက် အတည်ပြုထားတဲ့ သရုပ်ဆောင်တွေကတော့ Robert Downey Jr., Chris Evans, Mark Ruffalo, Scalett Johansson, Chris Hemsworth, Anthony Mackie, Paul Bettany, Elizabeth Olson, Jeremy Renner, Chadwick Boseman, Sebastian Stan, Don Cheadle, Chris Pratt, Dave Bautista, Zoe Saldana, Pom Klementieff, Benedict Cumberbatch, Benedict Wong, Sean Gunn, Tom Holland, Josh Brolin နှင့် Paul Rudd တို့ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ Brolin ရဲ့ Thanos နှင့် သူ့ရဲ့ Black Order ကို ရင်ဆိုင်ဖို့ Earth’s Mightiest Heroes တွေက Guardians of the Galaxy နှင့် ပေါင်းစည်းရမှာဖြစ်ပါတယ်။
Avengers: Infinity War နှင့် အမည်မပေးရသေးတဲ့ နံပါတ် ၄ ဇာတ်ကားကို Captain America: The Winter Soldier နှင့်  Captain America: Civil War တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Anthony နှင့် Joe Russo တို့က ရိုက်ကူးထားပြီး Christopher Markus နှင့် Stephen McFeely တို့က ဇာတ်ညွှန်းရေးသားထားပါတယ်။ Marvel’s Avengers: Infinity War ကို ၂၀၁၈ ခုနှစ်၊ မေလ ၄ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ့်။ အဲ့ဒီနောက်မှာတော့ Avengers တွေက အမည်မပေးရသေးတဲ့ နံပါတ် ၄ ဇာတ်ကားအတွက် ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်မှာ ပြန်လည်ဆုံစည်းရဦးမှာဖြစ်ပါတယ်။

RII