BIGBANG အဖွဲ့ဝင် Taeyang နှင့် G-Dragon တို့က စစ်မှုထမ်းဖို့ကို နောက်ထပ်ရွှေ့ဆိုင်းထားလို့ မရတော့ကြောင်း YG Entertainment က ပြောပြခဲ့ပါတယ်။
အဆိုတော် ၂ ယောက်က ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ပိုင်းမှာ စစ်မှုထမ်းဖို့ မျှော်လင့်ထားကြောင်း အေဂျင်စီက ဒီဇင်ဘာလ ၁၄ ရက်က ဖော်ပြခဲ့ပါတယ်။ BIGBANG အဖွဲ့ဝင်များက နောက်နှစ် နွေဦးရာသီမှာ စစ်မှုထမ်းမယ်လို့ အစောပိုင်းက ကောလဟာလတွေ ထွက်ခဲ့ဖူးပါတယ်။
Daesung နှင့် Seungri တို့ကတော့ စစ်မှုထမ်းဖို့ကို ရွှေ့ဆိုင်းထားဖို့ အချိန်ရသေးပေမယ့် အဲ့ဒီလိုလုပ်ဖို့ အစီအစဉ်ရှိမရှိတော့ မသေချာသေးပါဘူး။ ပရိသတ်များနှင့် ခွဲခွာနေရတဲ့ အချိန်တိုအောင် သူတို့နှစ်ယောက်က ရွှေ့ဆိုင်းခြင်းမပြုဘဲ အဖွဲဝင်တွေနှင့်အတူ စစ်မှုထမ်းမယ်လို့ ခန့်မှန်းချက်များလည်း ရှိနေပါတယ်။ Daesung က ဒီအကြံကို စိတ်ဝင်စားကြောင်း tvN ရုပ်သံရဲ့ “Livin’ the Double Life” အစီအစဉ်မှာ နောက်နှစ်ထဲ Taeyang နှင့်အတူ စစ်မှုထမ်းကြဖို့ ဆွေးနွေးစဉ်က ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာလ ၁၃ ရက်က Tokyo Dome မှာ ကျင်းပခဲ့တဲ့ ဖျော်ဖြေပွဲမှာ “ဒီနယ်လှည့်ဖျော်ဖြေပွဲ ပြီးသွားရင် ခဏတဖြုတ်တော့ ပရိသတ်တွေနှင့် တွေ့နိုင်ဦးမှာ မဟုတ်တဲ့အတွက် တကယ်ဝမ်းနည်းမိပါတယ်” ဆိုပြီး BIGBANG အဖွဲ့ဝင် ၄ ယောက်က Taeyang နှင့် G-Dragon တို့ရဲ့ စစ်မှုထမ်းဖို့ ကိစ္စကို အရိပ်အမြွက် ပြောပြခဲ့ပါတယ်။
မကြာသေးခင်က Taeyang က ၄ နှစ်ကြာတွဲခဲ့တဲ့ ချစ်သူ မင်းသမီး Min Hyo Rin နှင့် စေ့စပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ “စစ်တပ်ထဲမဝင်ခင် မင်္ဂလာဆောင်ဖို့ စီစဉ်ထားပါတယ်” လို့ အဲ့ဒီချိန်တုန်းက အဆိုတော်က ပြောပြခဲ့ပါတယ်။
BIGBANG အဖွဲ့က ဒီနှစ်အတွက် နောက်ဆုံးဖြစ်တဲ့ “BIGBANG 2017 Concert ‘Last Dance’ in Seoul” ကို ဆိုးလ်မြို့မှာရှိတဲ့ Gocheok Sky Dome မှာ ဒီဇင်ဘာလ ၃၀ ရက်နှင့် ၃၁ ရက်အတွင်း ကျင်းပမှာဖြစ်ပါတယ်။
RII
#celebrity.thithtoolwin.com
Source: Soompi