Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ထိခိုက်လွယ်တဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ Demi Lovato နှင့် သရုပ်ဆောင် Jesse Williams တို့ရဲ့ 'Tell Me You Love Me' သီချင်းဗီဒီယိုထွက်ရှိလာ

ထိခိုက်လွယ်တဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်ထားတဲ့ Demi Lovato နှင့် သရုပ်ဆောင် Jesse Williams တို့ရဲ့ 'Tell Me You Love Me' သီချင်းဗီဒီယိုထွက်ရှိလာ

| No comment


Demi Lovato ရဲ့ သီချင်းသစ် 'Tell Me You Love Me' ရဲ့ ဗီဒီယိုမှာ ABC ရုပ်သံရဲ့ သရုပ်ဆောင် Jesse Williams က Lovato ရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့အတွက် Grey's Anatomy ဇာတ်လမ်းတွဲ အပိုင်းတိုလေးကို ကြည့်နေရသလိုခံစားရမှာဖြစ်ပါတယ်။

၇ မိနစ်ကြာမြင့်တဲ့ ဗီဒီယိုတစ်လျှောက်လုံး အခြေအနေတင်းမာနေပြီး Lovato နှင့် Williams တို့ရဲ့ သရုပ်ဆောင်မှုတွေကို ကြည့်ရတာ သူတို့နှစ်ယောက် အပြင်ဘဝမှာ တကယ့်စုံတွဲအစစ် မဟုတ်ဘူးဆိုတာတောင် ယုံရခပ်ခက်ခက်ပါပဲ။ ပထမဆုံး ၂ မိနစ်နှင့် တစ်ဝက်မှာ သီချင်းဗီဒီယိုကို ကြည့်နေတယ်ဆိုတာကိုတောင် မေ့သွားမှာပါ။ Williams က ချစ်ခွင့်ပန်ပြီး Lovato က သူမရဲ့ လက်စွပ်အသစ်ကို FaceTimes လုပ်ပြီး သူငယ်ချင်းတွေကို ကြွားပါတယ်။

သဝန်တိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ငြင်းခုံမှုတွေကြောင့် အချစ်ဇာတ်လမ်းမှာ အထစ်ငေါ့တွေဖြစ်လာပြီး Lovato နှင့် Williams တို့ရဲ့ မင်္ဂလာဆောင်ကို ချီတုံချတုံဖြစ်စေပါတော့တယ်။ သီချင်းစဝင်လာတာနှင့်အတူ မင်္ဂလာဆောင်နေ့ကို ရောက်လာပါပြီ။ Lovato က Lazaro ဂါဝန်ကို ဝတ်ဆင်ပြီး လျှောက်လမ်းမှ လျှောက်လှမ်းလာစဉ်မှာ သူတို့ရဲ့ ထိခိုက်လွယ်တဲ့ ချစ်သံယောဇဉ် အခိုက်အတန့်လေးတွေကို နောက်ကြောင်းပြန် ပြကွက်တွေနှင့် ပြသထားပြီး ခံစားချက်ကို ဗြောင်းဆန်စေပါတယ်။

“ကျွန်မ အခုထိရိုက်ခဲ့သမျှ ဗီဒီယိုတွေထဲမှာ အကြိုက်ဆုံးထဲက တစ်ခုပါ” လို့ပြောထားတဲ့ ဒီဗီဒီယိုထဲမှာ Lovato က ပျော်ရွှင်စွာနေထိုင်သွားရမှာလား? အဖြေကိုတော့ 'Tell Me You Love Me' သီချင်းဗီဒီယိုထဲမှာ ရှာဖွေကြည့်လိုက်ပါ။


RII

#celebrity.thithtoolwin.com

Source: Billboard