Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Disney’s The Nutcracker and the Four Realms ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Disney’s The Nutcracker and the Four Realms ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment



၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်မှာ ရုံတင်ပြသမည့် The Nutcracker and the Four Realms ဇာတ်ကားအတွက် ပထမဆုံး ဇာတ်လမ်းနမူနာကို Walt Disney Pictures က ဖော်ပြလိုက်ပါတယ်။

Clara (Mackenzie Foy) လိုချင်တဲ့ တစ်ခုတည်းသောအရာကတော့ သူမရဲ့ ဆုံးပါးသွားတဲ့ အမေက ပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကို ထည့်ထားတဲ့ သေတ္တာကို ဖွင့်နိုင်မည့် တစ်ချောင်းတည်းသာရှိတဲ့ သော့ပါပဲ။ သူမရဲ့ ခေါင်းကိုင်အဖေ Drosselmeyer’s (Morgan Freeman) ရဲ့ အားလပ်ရက်ပါတီမှာ တွေ့ရတဲ့ ရွှေကြိုးတစ်ချောင်းက ထူးဆန်းပြီး ပဟေဠိဆန်တဲ့ parallel world ထဲမှာ ပျောက်ဆုံးသွားတဲ့ သော့ဆီကို ဦးဆောင်သွားမှာဖြစ်ပါတယ်။

အဲ့ဒီကမ္ဘာမှာ Clara က Phillip (Jayden Fowora-Knight) လို့အမည်ရတဲ့ စစ်သားတစ်ယောက်၊ ကြွက်တပ်ဖွဲ့ကြီးနှင့် Land of Snowflakes, Land of Flowers နှင့် Land of Sweets ဆိုတဲ့ နိုင်ငံ ၃ ခုကို အုပ်စိုးတဲ့ ဘုရင်၊ဘုရင်မများနှင့် ဆုံတွေ့ရမှာဖြစ်ပါတယ်။ Clara နှင့် Phillip တို့က အာဏာရှင် Mother Ginger (Helen Mirren) ရဲ့ နယ်မြေဖြစ်တဲ့ ဆိုးဝါးတဲ့ Fourth Realm ကို ရဲရင်စွာ သွားရောက်ကာ Clara ရဲ့ သော့ကို ပြန်ယူပြီး မတည်ငြိမ်တဲ့ ကမ္ဘာကြီးကို လိုက်လျောညီထွေမှုတွေ  ပြန်လည်ယူဆောင်လာနိုင်ဖို့ မျှော်လင့်ရမှာပါ။

Keira Knightley က Sugar Plum Fairy အဖြစ်သရုပ်ဆောင်ထားပြီး Misty Copeland ရဲ့ အထူးဖျော်ဖြေမှုပါဝင်တဲ့ Disney ရဲ့ အားလပ်ရက် ရုပ်ရှင်သစ်ဖြစ်တဲ့ The Nutcracker and the Four Realms ဇာတ်ကားဟာ E.T.A. Hoffmann ရဲ့ ဂန္တဝင်ဝတ္ထုကို အခြေခံပြီး Lasse Hallström က ရိုက်ကူးထားတာဖြစ်ပါတယ်။

Nutcracker ဇာတ်လမ်းရဲ့ မူရင်းကတော့ ၁၈၆၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟာ E.T.A. Hoffmann ရဲ့ The Nutcracker and the Mouse King အမည်ရ ဝတ္ထုတိုဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်းမှာ Tchaikovsky က ဘဲလေးကဇာတ်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ကောင်မလေးတစ်ယောက်ရဲ့ အရုပ်ကလေးနှင့်အတူ nutcracker (အခွံမာသီးညှပ်) တစ်ခုက ခရစ်စမတ်အကြိုညမှာ အသက်ဝင်လာပြီး သူ့ကို ဗီလိန်ကြွက်တပ်ဖွဲ့ လက်ထဲက ကာကွယ်ပေးတာဖြစ်ပါတယ်။
                       
                       Trailer


        RII

       #celebrity.thithtoolwin.com

       Source: Comingsoon