EXO အဖွဲ့ဝင် Lay က ရင်သပ်ရှုမောဖွယ် “Goodbye Christmas” သီချင်းဗီဒီယိုကို ပရိသတ်တွေအတွက် လက်ဆောင်ပေးလိုက်ပါတယ်။
အမှတ်တရတွေထဲမှာ လမ်းပျောက်နေတဲ့ လူတစ်ယောက်အကြောင်း သီဆိုထားတဲ့ ဒီအဆွေးသီချင်းလေးကို Lay ကိုယ်တိုင်ပါဝင်ပြီး ရေးစပ်သီကုံး ထားတာဖြစ်ပါတယ်။ ဒီသီချင်းကတော့ အသစ်ထွက်လာတဲ့ ဒစ်ဂျစ်တယ် အယ်လ်ဘမ် “Winter Special Gift” ထဲမှာ ပါဝင်တာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်က တရုတ်နိုင်ငံမှာ အရင်ထွက်ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၃ ရက်မှ ကိုရီးယားနိုင်ငံက သီချင်းဆိုက်တွေမှာ ရရှိတာဖြစ်ပါတယ်။
ဒီဒစ်ဂျစ်တယ် အယ်လ်ဘမ်ထဲမှာ “Can You Feel Me,” “Christmas Love,” “Gift to XBACK,” အစရှိတဲ့ သီချင်းများနှင့်အတူ အင်္ဂလိပ်ဘာသာနှင့် သီဆိုထားတဲ့ “Goodbye Christmas” နှင့် instrumental version လည်းပါဝင်ပါတယ်။ ဒီသီချင်းတွေအားလုံးကို Lay က ကိုယ်တိုင်ပါဝင် ဖန်တီးထားပါတယ်။
RII
#celebrity.thithtoolwin.com
Source: Soompi