Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဂျပန်ဇာတ်လမ်းတွဲကို ခေါင်းဆောင်မင်းသားနေရာက ပြန်လည်ရိုက်ကူမည့် EXO အဖွဲ့ဝင် Suho

ဂျပန်ဇာတ်လမ်းတွဲကို ခေါင်းဆောင်မင်းသားနေရာက ပြန်လည်ရိုက်ကူမည့် EXO အဖွဲ့ဝင် Suho

| No comment


ဂျပန်ဇာတ်လမ်းတွဲ “Rich Man, Poor Woman” ကို ပြန်လည်ရိုက်ကူးရာမှာ ပါဝင်မည့်သရုပ်ဆောင်တွေကို အတည်ပြုလိုက်ပါပြီ။

“Rich Man” (ယာယီအမည်) ဇာတ်လမ်းတွဲမှာ ပါဝင်မည့်သရုပ်ဆောင်တွေကို ရွေးချယ်မှုပြီးဆုံးသွားပြီဖြစ်ကြောင်း ထုတ်လုပ်ရေး ကုမ္ပဏီ iHQ က ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ EXO အဖွဲ့ဝင် Suho, Ha Yeon Soo, Oh Chang Suk နှင့် Kim Ye Won တို့ ပါဝင်မှာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်မှာ ထုတ်လွှင့်မည့် ဇာတ်လမ်းတွဲတွေထဲက မျှော်လင့်စောင့်စားမှုအများဆုံး ဇာတ်လမ်းတွဲအဖြစ်ကို အမြန်ရောက်ရှိလာနေပါတယ်။

နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Oguri Shun နှင့် Ishihara Satomi တို့ပါဝင်ထားတဲ့ မူရင်းဇာတ်လမ်းတွဲ “Rich Man, Poor Woman” ကို ၂၀၁၂ ခုနှစ်က Fuji Television မှ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ကြည့်ရှုနှုန်းများရုံသာမက VOD downloads ဆွဲသူ အရေအတွက်လည်း စံချိန်တင်ထားတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ လူကြိုက်များ အောင်မြင်မှုကြောင့် “Rich Man, Poor Woman in New York” ဆိုတဲ့ အထူးအပိုင်းကိုလည်း ထုတ်လွှင့်ခဲ့ပါသေးတယ်။

ဒီဇာတ်လမ်းတွဲကို အရည်အချင်းမြင့် ထုတ်လုပ်ရေးအဖွဲ့သားတွေက အသက်သွင်းမှာဖြစ်ပါတယ်။ Netflix ဇာတ်လမ်းတွဲ “My Only Love Song” နှင့် web drama “Missing Korea” ကို ရိုက်ကူးခဲ့တဲ့  Min Doo Shik နှင့် “Masquerade” နှင့် “Memoir of a Murderer” ရုပ်ရှင်ဇာတ်ကားတွေကို ဇာတ်ညွှန်းရေးသားခဲ့တဲ့ Hwang Jo Yoon တို့က ဒီဇာတ်လမ်းတွဲကို တာဝန်ယူထားပါတယ်။

Suho က “Next One” ကုမ္ပဏီရဲ့ CEO နှင့် ပါရမီရှင် programmer တစ်ယောက်ဖြစ်တဲ့ Lee Yoo Chan အဖြစ် သရုပ်ဆောင်မှာပါ။ Lee Yoo Chan က ရုပ်ရည်၊ အရည်အချင်း၊ ဩဇာကိတ္တမ စတဲ့အရာရာပြည့်စုံပေမယ့် လူတွေရဲ့ မျက်နှာကို မမှတ်မိနိုင်တဲ့ ဝေဒနာခံစားနေရသူပါ။ စက်ပစ္စည်ကို လူထက်ပိုပြီး၊ အရည်အချင်းကို ဆက်ဆံရေးထက်ပိုပြီး အလေးထားတတ်သူတစ်ယောက် ဖြစ်တဲ့ သူ့အတွက် “မှန်းဆမရတဲ့” Kim Bo Ra (Ha Yeon Soo) နှင့် တွေ့တဲ့အခါမှာတော့ သူ့ဘဝက ပြောင်းလဲလာမှာဖြစ်ပါတယ်။

Kim Bo Ra ကတော့ ဘာမဆို မှတ်သားနိုင်တဲ့ အရည်အချင်းရှိသူဖြစ်ပါတယ်။ သူမက ကျောင်းမှာ အဆင့် ၁ က မဆင်းတဲ့ ဂျယ်ဂျူကျွန်းသူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုရဲ့ မျှော်လင့်ချက်နှင့် သူမကိုယ်တိုင်က အင်တိုက်အားတိုင် အလုပ်ရှာဖွေနေပေမယ့် အချည်းအနှီးသာဖြစ်နေပါတယ်။

Oh Chang Suk ကတော့ က ရုပ်ရည်ချောမောပြီး နူးညံ့သိမ်မွေ့တဲ့ “Next One” ကုမ္ပဏီရဲ့ တွဲဖက်တည်ထောင်သူ Min Tae Joo အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ Kim Ye Won က Min Tae Joo ရဲ့ ညီမ Min Tae Ra အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ကောင်ကတော့ လှပ၊ အရည်အချင်းရှိပြီး ကိုယ်ကျင့်တရားကောင်းမွန်ပေမယ့် Kim Bo Ra ကို Lee Yoo Chan အနားမှာ မြင်ရတဲ့အခါမှာတော့ မနာလိုစိတ်ဝင်လာပါတော့တယ်။

“မူရင်းဇာတ်လမ်းတွဲရဲ့ ဆွဲဆောင်မှုတွေကို အသားပေးပြီး နောက်ထပ် စိတ်ဝင်စားဖွယ်တွေနှင့် ခံစားချက်တွေကို ပေါင်းထည့်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်” လို့ “Rich Man” ရိုက်ကူးရေးအဖွဲ့က ပြောပါတယ်။

“Rich Man” ကို ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ပိုင်းမှာ ထုတ်လွှင့်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

 RII

#celebrity.thihtoolwin.com

Source: Soompi