Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / EXO အဖွဲ့က အသစ်ထွက်မည့် ဂျပန်အယ်လ်ဘမ်တွင် ပါဝင်မည့် ခေါင်းစီးသီချင်းဗီဒီယိုနှင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့

EXO အဖွဲ့က အသစ်ထွက်မည့် ဂျပန်အယ်လ်ဘမ်တွင် ပါဝင်မည့် ခေါင်းစီးသီချင်းဗီဒီယိုနှင့် ပရိသတ်တွေကို အံ့အားသင့်စေခဲ့

| No comment

EXO အဖွဲ့က အသစ်ထွက်မည့် ဂျပန်အယ်လ်ဘမ် “COUNTDOWN” တွင်ပါဝင်မည့် ခေါင်းစီသီချင်း “Electric Kiss” သီချင်းဗီဒီယိုအတိုကို ကြိုတင်ကြေညာထားခြင်းမရှိဘဲ ဒီဇင်ဘာလ ၆ ရက် နံနက်အစောပိုင်းမှာ ချပြလိုက်တာကြောင့် ပရိသတ်တွေ လုံးဝအံ့အားသင့်သွားခဲ့ရပါတယ်။

ကိုရီးယားစံတော်ချိန် နံနက် ၄ နာရီအချိန်မှာ “Electric Kiss” သီချင်းဗီဒီယို ထွက်လာတာနှင့်တစ်ပြိုင်နက် Twitter မှာ နံပါတ် ၁၊ ၂ နှင့် ၃ နေရာတွေမှာ တက်လိုက်ကျလိုက် worldwide trend ဖြစ်ခဲ့ပါတယ်။ ကိုရီးယားစံတော်ချိန် နံနက် ၉း၃၀ နာရီကျော်နောက်ပိုင်းလောက်အထိ ၅ နာရီကျော်ကြာ ဆက်တိုက်ရပ်တည်နေခဲ့တာဖြစ်ပါတယ်။

ဆိုးလ်မြို့မှာတော့ “MV – Short ver.” နှင့် “Electric” ဆိုတဲ့ စကားလုံးတွေက trending ထိပ်ဆုံးထိရောက်ရှိခဲ့ပြီး ကိုရီးယားစံတော်ချိန် နံနက် ၁၀း၃၀ နာရီလောက်အထိ ရပ်တည်နေဆဲပါပဲ။

“Electric Kiss” သီချင်းဟာ EXO အဖွဲ့က အသစ်ထွက်မည့် ပထမဆုံး full-length ဂျပန်အယ်လ်ဘမ် “COUNTDOWN” တွင်ပါဝင်မည့် သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ အယ်လ်ဘမ်ထဲမှာ အစောပိုင်းက ထွက်ရှိခဲ့တဲ့ သီချင်းတွေလည်းပါဝင်မှာဖြစ်ပြီး အသစ်ဖြစ်တဲ့ “Into My World,” “Lovin’ You Mo’” နှင့် “Cosmic Railway” တို့လည်းပါဝင်မှာဖြစ်ပါတယ်။

MV မထွက်ခင်မှာ EXO အဖွဲ့က Japanese comeback အတွက် နိုဝင်ဘာလ ၁၈ ရက်မှ ၂၅ ရက်အထိ တစ်ကိုယ်တော် teaser clips များကို ဖော်ပြခဲ့ပြီး ရက်သတ္တပတ်ကျော်အတွင်းမှာ နောက်ထပ် preview တစ်ခုကို ဖော်ပြဦးမှာဖြစ်ပါတယ်။ EXO အဖွဲ့ရဲ့ “COUNTDOWN” အယ်လ်ဘမ်ကတော့ ဇန်နဝါရီလ ၂၄ ရက်မှာ ထွက်ရှိလာမှာပါ။

“Electric Kiss” သီချင်းဗီဒီယိုအတိုနှင့် ရိုက်ကွင်းနောက်ကွယ်မှ အဖြစ်အပျက်များကို ဖော်ပြပေးလိုက်ပါတယ်။
             Electric Kiss
           
Behind-the-scenes-


    RII

  #celebrity.thithtoolwin.com

  Source: Soompi