Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားမှ ပုံရိပ်သစ်များ ထွက်ရှိလာ

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားမှ ပုံရိပ်သစ်များ ထွက်ရှိလာ

| No comment


Fantastic Beasts: The Crimes of Grindelwald လို့အမည်ပေးထားတဲ့ Fantastic Beasts ဒုတိယမြောက် ဇာတ်ကားမှ ဓာတ်ပုံ ၂ ပုံ ထွက်ရှိလာပါတယ်။ ဒီဇာတ်ကားမှာ Eddie Redmayne က Newt Scamander အဖြစ် Fantastic Beasts တွေအပြည့်ပါတဲ့ လက်ဆွဲသေတ္တာနှင့်အတူ ပြန်လည်ပါဝင်ထားပါတယ်။ Redmayne နှင့် Jude Law တို့ရဲ့ ရိုက်ကွင်းနောက်ကွယ်က ပုံရိပ်ကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားဟာ J.K. Rowling ရဲ့ Wizarding World ထဲမှာ အခြေတည်ထားတဲ့ အသစ်စက်စက်ဇာတ်ကား ၅ ကားပါဝင်မည့် ဇာတ်လမ်းတွဲထဲက ဒုတိမြောက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Eddie Redmayne, Katherine Waterston, Dan Fogler, Alison Sudol, Ezra Miller တို့နှင့်အတူ Jude Law နှင့် Johnny Depp တို့က ဦးဆောင်ပါဝင်မှာဖြစ်ပါတယ်။

ပထမဇာတ်ကားရဲ့ အဆုံးသတ်မှာ နာမည်ဆိုးနှင့် ကျော်ကြားတဲ့ ဆိုးသွမ်းတဲ့ မှော်ဆရာ Gellert Grindelwald ကို Newt Scamander ရဲ့ အကူအညီနှင့် MACUSA (Magical Congress of the United States of America) က ဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရအောင် ထွက်ပြေးပြမယ်လို့ ကတိပေးထားတဲ့အတိုင်း Grindelwald က လွတ်မြောက်သွားပြီး မှော်ပညာမတတ်သူတွေရဲ့ အထက်မှာ သွေးသန့်မှော်ဆရာတွေကို မြှောက်စားဖို့ နောက်လိုက်တွေ စုဆောင်းပါတော့တယ်။

Grindelwald ရဲ့ အကြံအစည်ကို ဖျက်စီးဖို့အတွက် Albus Dumbledore (Jude Law သရုပ်ဆောင်သည်) က သူ့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ Newt Scamander ကို  အကူအညီတောင်းခဲ့ပါတယ်။ ရှေ့လျှောက်ကြုံတွေ့ရမည့် အန္တရာယ်တွေကို သတိမမူမိတဲ့ Newt က ကူညီဖို့ သဘောတူခဲ့ပါတယ်။ သဘောထားကွဲလွဲမှုတွေ တိုးပွားလာတဲ့ မှော်လောကကြီးထဲမှာ အစစ်မှန်ဆုံး မိတ်ဆွေတွေနှင့် မိသားစုတွေကြားက ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုတွေကို စမ်းသပ်ခံရမှာဖြစ်ပါတယ်။

Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားကို David Heyman, J.K. Rowling, Steve Kloves နှင့် Lionel Wigram တို့က ထုတ်လုပ်ထားပြီး J.K. Rowling ရဲ့ ဇာတ်ညွှန်းကို David Yates က ရိုက်ကူးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။


 RII

#celebrity.thithtoolwin.com

 Source: Coming soon