Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Greyson Chance ရဲ့ သီချင်းသစ် ‘Low’ ထွက်ရှိလာ

Greyson Chance ရဲ့ သီချင်းသစ် ‘Low’ ထွက်ရှိလာ

| No comment
Greyson Chance Releases Most Personal Song 'Low' - Stream & Lyrics

Greyson Chance က သူ့ရဲ့ သီချင်းသစ် ‘Low’ ကို ပရိသတ်တွေထံ ချပြလိုက်ပါပြီ။

အသက် ၂၀ အရွယ်အဆိုတော်က သီချင်းမထွက်ခင်မှာ “စိတ်အားထက်သန်၊ စိတ်လှုပ်ရှား၊ ရီဝေဝေ” ဖြစ်ကြောင်း အရိပ်အခြေပြထားပါတယ်။

“‘Low’ က ကျွန်တော် ရေးခဲ့တဲ့ သီချင်းတွေထဲမှာ ကိုယ်ရေးကိုယ်တာအဆန်ဆုံးပါပဲ။ သီချင်းတစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကို ခြုံကြည့်မယ်ဆိုရင် ‘I think I’m ready to hear I love you’ ဆိုတဲ့ စာသားထဲမှာ တွေ့နိုင်တယ်လို့ ထင်ပါတယ်။ ကျွန်တော့်အသက် ၂၀ ပဲရှိသေးတာတောင် relationships တွေကနေ ထွက်ပြေးတတ်တဲ့ ကျွန်တော့် အကျင့်ကို သတိထားမိတယ်။ ဆက်ဆံရေးတစ်ခု က ခိုင်မြဲစပြုလာပြီလို့ထင်ရင် ထွက်သွားချင်တဲ့ ဗီဇလေးရှိနေတယ်” လို့ သီချင်းနှင့် ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

“ဒီသီချင်းက အဲ့ဒီသဘောသဘာဝကို အသိအမှတ်ပြုတဲ့အကြောင်း၊ အဲ့ဒါကို ကျွန်တော် သတိပြုမိတဲ့အချိန်မှာ ဖြစ်သွားတဲ့ ဟာလာဟင်းလင်း ခံစားချက်ကြီးအကြောင်းပါ။ ‘Low’ က ကျွန်တော် ခွဲခဲ့တဲ့ နှလုံးသားတွေနှင့် လမ်းခွဲပြီးတဲ့ အချိန်မှာ ကျွန်တော်က ဘာမှမဖြစ်သလို ထင်ရပေမယ့် တကယ်တမ်းမှာတော့ အဆုံးသတ်ပြီးတဲ့ ရက်၊ လ၊ နှစ်ချီပြီးတဲ့နောက်မှာတောင် သက်ရောက်မှုက ကျန်နေဆဲပဲဆိုတာကို ထင်ဟပ်ပြထားတာပါ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့တဲ့ သီချင်းစာသားက မျှော်လင့်ချက်ပေးနေပါတယ်။ ကျွန်တော် မှားခဲ့တယ်၊ အများကြီး မှားခဲ့ပေမယ့် အခုတော့ ကျွန်တော်က အချစ်ခံဖို့နှင့် တစ်စုံတစ်ယောက်ကို ပြန်ချစ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အနေအထားကို ရောက်နေပါပြီ” လို့ Greyson က ဆက်လက်ပြောပြသွားပါတယ်။
                         
                          ‘Low’


    Bruce

   #celebrity.thithtoolwin.com

    Source: JustJaredJr