Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Horror ပိုင်းကို အသားပေးထားသည့် The New Mutants ဇာတ်ကား ပိုစတာသစ် ထွက်ရှိလာ

Horror ပိုင်းကို အသားပေးထားသည့် The New Mutants ဇာတ်ကား ပိုစတာသစ် ထွက်ရှိလာ

| No comment


X-Men horror ဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ်ကားအဖြစ် စီစဉ်ထားသည့် The New Mutants မှာ စူပါဟီးရိုးများပါဝင်သည့် ကြောက်မက်ဖွယ်ရုပ်ရှင်ဖြစ်ကြောင်း 20th Century Fox က ပိုစတာမှာ အသားပေး ဖော်ပြလိုက်ပါတယ်။

Fox က R-rated အဖြစ်သတ်မှတ်ခဲ့တဲ့ comedy genre (Deadpool) နှင့် Western genre (Logan) တို့လိုပဲ ဒီဇာတ်ကားကစတင်ပြီး စူပါဟီးရိုးဇာတ်ကားများကို horror genre ဘက်ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ Josh Boone (The Fault in Our Stars) က The New Mutants ဇာတ်ကားက “horror ရသအပြည့်အဝခံစားရမည့် X-Men Universe ထဲမှာ အခြေတည်ထားတဲ့ ဇာတ်ကား” ဖြစ်ကြောင်းပြောပြခဲ့ပြီး Fox မှ Stacey Snider ကတော့ “သရဲခြောက်တဲ့ အိမ်ကြီး ရုပ်ရှင်ဇာတ်ကား” လို့ ဖော်ပြခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၃ ရက်မှာ ရုံတင်ပြသမည့် ဒီဇာတ်ကားမှာ ပါဝင်မည့် သရုပ်ဆောင်တွေကတော့ Anya Taylor-Joy (Split, The Witch) က Magik အဖြစ်၊ Maisie Williams (Game of Thrones, Doctor Who) က Wolfsbane အဖြစ်၊ Charlie Heaton (Stranger Things, Shut In) က Cannonball အဖြစ်၊ သရုပ်ဆောင်သစ် Blu Hunt (The Originals) က Danielle Moonstar အဖြစ်၊ Henry Zaga (13 Reasons Why) က Sunspot အဖြစ်၊ Alice Braga (Queen of the South, Predators, I Am Legend) က Dr. Cecilia Reyes အဖြစ်တို့ပဲ ဖြစ်ပါတယ်။ ပုံသဏ္ဍန်ပြောင်းလဲနိုင်တဲ့ ဂြိုလ်သား Warlock ကိုတော့ CGI ဖန်တီးမှုနှင့် တင်ဆက်မှာဖြစ်ပါတယ်။

The New Mutants ဇာတ်ကားက ၁၉၈၂ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ အမည်တူ ရုပ်ပြစာအုပ်ကို  ရိုက်ကူးထားတာဖြစ်ပါတယ်။ Chris Claremont နှင့် Bob McLeod တို့ ရေးသားခဲ့တဲ့The New Mutants ရုပ်ပြစာအုပ်က Marvel Universe ထဲက လူစွမ်းကောင်းတွေဖြစ်လာဖို့ လေ့လာသင်ယူနေတဲ့ ဆယ်ကျော်သက် သန္ဓေပြောင်းသူတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။


 RII

#celebrity.thithtoolwin.com

 Source: Cominsoon