Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Insidious: The Last Key ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

Insidious: The Last Key ဇာတ်လမ်းနမူနာသစ် ထွက်ရှိလာ

| No comment


Insidious ဇာတ်လမ်းတွဲထဲက ၄ ကားမြောက်ဖြစ်တဲ့ Insidious: The Last Key အတွက် ဇာတ်လမ်းနမူနာသစ်ကို Universal Pictures နှင့် Sony Pictures ဖော်ပြလိုက်ပါတယ်။

နာမည်ကျော် Insidious ဇာတ်လမ်းတွဲ နောက်ကွယ်က ဇာတ်လမ်းဖန်တီးရှင်ကပဲ Insidious: The Last Key အတွက် ဆောင်ရွက်ထားပါတယ်။ ဒီသဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကားထဲမှာ Lin Shaye က စိတ်နယ်လွန်ပညာရှင် Dr. Elise Rainier အဖြစ် ပြန်လည်ပါဝင်ထားပြီး ဒီတစ်မှာတော့ သူမရဲ့ မိသားစုနေအိမ်ထဲမှာပဲ ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်တဲ့ ပုဂ္ဂိုလ်ရေးအရ ခြောက်လှန့်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ Shaye နှင့်အတူပါဝင်မည့် သရုပ်ဆောင်တွေကတော့ ngus Sampson, Whannell, Josh Stewart, Caitlin Gerard, Kirk Acevedo, Javier Botet, Bruce Davison, Spencer Locke, Tessa Ferrer, Ava Kolker နှင့် Marcus Henderson တို့ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်းတွဲကို ရေးသားခဲ့ပြီး Chapter 3 ကို ရိုက်ကူးခဲ့တဲ့ တွဲဖက်ဖန်တီးသူ Leigh Whannell (Saw) က ဇာတ်ညွှန်းရေးသားထားပြီး Insidious ဇာတ်လမ်းတွဲကို ထုတ်လုပ်နေကြဖြစ်တဲ့ Jason Blum (The Purge series, Get Out) နှင့် Oren Peli (Paranormal Activity) တို့က တွဲဖက်ဖန်တီးသူ James Wan (The Conjuring, Furious 7) နှင့်အတူ ထုတ်လုပ်ထားပြီး ဒီဇာတ်လမ်းတွဲအတွက် လူသစ်ဖြစ်တဲ့ Adam Robitel (The Taking of Deborah Logan) က ရိုက်ကူးထားပါတယ်။

Steven Schneider, Brian Kavanaugh-Jones, Charles Layton, Bailey Conway Anglewicz, Couper Samuelson နှင့် Whannell တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပါတယ်။ Insidious: The Last Key ကို Sony Pictures Worldwide Acquisitions (“SPWA”) က ငွေကြေးထောက်ပံ့ပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ U.S. က ရုပ်ရှင်ရုံတွေမှာတော့ Universal Pictures က တာဝန်ယူဖြန့်ချိမှာဖြစ်ပြီး U.S. ပြင်ပမှာတော့ Sony Pictures Releasing နှင့်SPWA’s Stage 6 Films က ဖြန့်ချိမှာဖြစ်ပါတယ်။

Insidious: The Last Key ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၅ ရက်မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

RII

#celebrity.thithtoolwin.com

Source: Comingsoon