Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၇ ခုနှစ် Instagram Awards ဆုရရှိသည့် G-Dragon, EXO အဖွဲ့ဝင်များနှင့် အခြားအနုပညာရှင်များ

၂၀၁၇ ခုနှစ် Instagram Awards ဆုရရှိသည့် G-Dragon, EXO အဖွဲ့ဝင်များနှင့် အခြားအနုပညာရှင်များ

| No comment

နာမည်ကျော် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Instagram က ၂၀၁၇ ခုနှစ် Instagram Awards ဆုအတွက် ရလဒ်များကို ကြေညာလိုက်ပါတယ်။

ကိုရီးယားနိုင်ငံအတွက် အဓိက ကဏ္ဍကြီး ၃ ခုကတော့ Top 5 Accounts, the Most-Loved Account နှင့် the Account With Most Growth တို့ဖြစ်ပါတယ်။ ဆုရရှိသူများက ရက်အနည်းငယ်အတွင်းမှာ Instagram အမှတ်တံဆိပ်ပုံစံ ဆုတံဆိပ်ကို လက်ခံရရှိမှာဖြစ်ပါတယ်။

BIGBANG အဖွဲ့ဝင် G-Dragon က ဒီနှစ်အတွင်းမှာ မျှဝေခဲ့တဲ့ ပုံတွေ ရရှိခဲ့တဲ့ likes နှင့် comments အရေအတွက် အပေါ်မူတည်ပြီး Most-Loved Account ဆုရရှိခဲ့ပါတယ်။ JBJ အဖွဲ့ဝင် Kwon Hyun Bin ကတော့ the Account With Most Growth ဆုကို ရရှိခဲ့ပါတယ်။
      https://www.instagram.com/p/BUW9eTqFO6u/

ထိပ်တန်းအကောင့် ၅ ခုကိုတော့ followers အရေအတွက်ပေါ်မူတည်ပြီး ရွေးချယ်တာဖြစ်ပါတယ်။ G-Dragon က ပထမဖြစ်ပြီး EXO အဖွဲ့ဝင်များဖြစ်တဲ့ Chanyeol, Sehun နှင့် Baekhyun ပြီးတော့ Girls’ Generation အဖွဲ့ဝင် Taeyeon က နောက်ကကပ်လိုက်လာပါတယ်။

သောင်းပြောင်းထွေလာကဏ္ဍမှာတော့ Chanyeol က Photo and Video With Most Likes ဆုကို ရရှိသွားပါတယ်။

သောင်းပြောင်းထွေလာကဏ္ဍမှ Most-Viewed Instagram Stories ဆုကိုတော့ Jessica က ပထမဖြစ်ပြီး Taeyeon, Jessi, Sooyoung နှင့် rapper Dok2 တို့ကလည်း ရရှိခဲ့ကြပါတယ်။

 
  RII

 #celebrity.thithtoolwin.com

 Source: Soompi