Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Kim Tae Hee နှင့် အကျဉ်းရုံးကျင်းပခဲ့တဲ့ မင်္ဂလာဆောင် ကုန်ကျစရိတ်ကို ဖော်ပြလိုက်တဲ့ Rain

Kim Tae Hee နှင့် အကျဉ်းရုံးကျင်းပခဲ့တဲ့ မင်္ဂလာဆောင် ကုန်ကျစရိတ်ကို ဖော်ပြလိုက်တဲ့ Rain

| No comment

JTBC ရုပ်သံမှ ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်လွှင့်ခဲ့သည့် “Carefree Travelers” အစီအစဉ်အတွက် Rain ထိုင်ဝမ်ကို ၃ ရက်ကြာ သွားရောက်ခဲ့စဉ်မှာ မင်္ဂလာဆောင်အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

“Carefree Travelers” အစီအစဉ်ကတော့ အနုပညာရှင်တွေက အစီအစဉ်က အဖွဲ့သားတွေနှင့်အတူ အပျော်ခရီးသွားတဲ့ variety travel show ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Kim Tae Hee နှင့် မင်္ဂလာဆောင်ကို အကျဉ်းရုံးကျင်းပခဲ့တာက ဘယ်သူ့စိတ်ကူးလဲလို့ Rain ကို မေးခဲ့ပါတယ်။ သူတို့စုံတွဲက ၅ နှစ်ကြာတွဲပြီးမှ ဇန်နဝါရီလ ၁၉ ရက်က လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ အောက်တိုဘာလ ၂၅ ရက်မှာ မွေးဖွားခဲ့တဲ့ သမီးဦးလေးရဲ့ မိဘဖြစ်နေပါပြီ။

Rain က “ဂုဏ်ပကာသနတွေ ဟန်ပန်တွေမပါဘဲ ကတ်သလစ် ဘုရားကျောင်းမှာ လက်ထပ်ချင်တယ်လို့ ကျွန်တော့်ဇနီးက အရင်ဆုံးပြောခဲ့တာပါ။ ကျွန်တော့်မှာ ရှိပြီးသား အနောက်တိုင်းဝတ်စုံကိုပဲ ပြန်ဝတ်ခဲ့ပြီး မင်္ဂလာဆောင်ဓာတ်ပုံရိုက်တာလည်း မလုပ်ခဲ့ပါဘူး။ ဓာတ်ပုံဆရာလည်း မငှားခဲ့ဘူး။ တက်ရောက်လာတဲ့ ဧည့်သည်တွေကပဲ ဓာတ်ပုံရိုက်ပေးခဲ့ပြီး အဲ့ဒီဓာတ်ပုံတွေနဲ့ပဲ ဗီဒီယိုလုပ်ခဲ့တယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

ဆက်လက်ပြီး “အမှန်အတိုင်းပြောရရင် တော်တော်နောင်တရမိတယ်။ အဲ့ဒီနေ့မှာ ကျွန်တော့်ဇနီးအတွက် လုပ်ပေးချင်တာတွေ အများကြီးပဲ။ မင်္ဂလာဆောင်အတွက် အရစ်ကျ ငွေပေးချေဖို့ အကောင့်တောင်ဖွင့်ခဲ့သေးတယ်။ တကယ်တမ်း စုစုပေါင်းကုန်ကျစရိတ်ကတော့ ဝမ် ၂ သန်းကျော်ကျော်လေးပါပဲ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၈၄၀)” လို့ပြောပြခဲ့ပါတယ်။

လတ်တလောမှာ Rain က “Gang” အမည်ရ သီချင်းထွက်ရှိထားပြီး ၉၀ မိနစ်ကြာ ကျင်းပခဲ့တဲ့ comeback show မှာ ဖျော်ဖြေခဲ့ပါတယ်။ လက်ရှိမှာ KBS ရုပ်သံက ထုတ်လွှင့်လျက်ရှိတဲ့ idol rebooting program “The Unit” မှာ လမ်းညွှန်သူအဖြစ်လည်း ဆောင်ရွက်နေပါတယ်။

RII

#celebrity.thithtoolwin.com

source: Soompi