Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mamma Mia! Here We Go Again ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

Mamma Mia! Here We Go Again ပထမဆုံး ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment
Here We Go Again! The Mamma Mia Sequel Trailer is Here!

၂၀၀၈ ခုနှစ်က အောင်မြင်ကျော်ကြားခဲ့တဲ့ Mamma Mia! musicalဇာတ်ကားရဲ့ နောက်ဆက်တွဲဖြစ်တဲ့ Mamma Mia! Here We Go Again အတွက် ပထမဆုံး ဇာတ်လမ်းနမူနာကို Universal Pictures က ဖော်ပြလိုက်ပါတယ်။

နောက်တစ်ကြိမ်ထပ်ပြီးတော့ ချစ်ဖို့၊ ရယ်မောဖို့၊ ကခုန်ဖို့နှင့် သီချင်းဆိုဖို့ အသင့်ပြင်ထားပါတော့။ Mamma Mia! The Movie က ကမ္ဘာတစ်လွှားမှာ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ရရှိ အောင်မြင်ခဲ့ပြီး ၁၀ နှစ်အကြာမှာတော့ ABBA အဖွဲ့ရဲ့ သီချင်းတွေကို အခြေခံထားတဲ့ မူလပထမ musical အသစ်စက်စက်ထဲမှာ ပရိသတ်တွေကို Kalokairi လို့ခေါ်တဲ့ မှော်ဆန်ဆန် ဂရိကျွန်းလေးကို အရောက်ပြန်လာဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဇာတ်ကားရဲ့ မူရင်းသရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်ထားပြီး အသစ်ပါဝင်လာသူကတော့ Lily James (Cinderella, Baby Driver) ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Mamma Mia! Here We Go Again ကို ပထမဇာတ်ကားရဲ့ ထုတ်လုပ်သူတွေဖြစ်တဲ့ Judy Craymer နှင့် Gary Goetzman တို့ကပဲ ထုတ်လုပ်ထားပါတယ်။ Craymer က ကမ္ဘာတစ်လွှားမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ stage musical ကို ဖန်တီး ထုတ်လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

Catherine Johnson, Richard Curtis နှင့် Parker တို့ရဲ့ ဇာတ်လမ်းကို The Best Exotic Marigold Hotel ကို ရေးသားခဲ့တဲ့ Ol Parker က ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပါတယ်။ Benny Andersson နှင့် Björn Ulvaeus တို့က ဂီတနှင့် သီချင်းစာသားအတွက် အားဖြည့်ပေးထားပြီး အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားပါတယ်။ Tom Hanks, Rita Wilson, Phyllida Lloyd, Richard Curtis နှင့် Nicky Kentish Barnes တို့ကလည်း အမှုဆောင်ထုတ်လုပ်သူများအဖြစ် ဆောင်ရွက်ထားပါတယ်။

Mamma Mia! The Movie ထဲက ဇာတ်ကောင်တွေအတိုင်း ပြန်လည်ပါဝင်ထားသူများကတော့ အကယ်ဒမီဆုရှင် Meryl Streep က Donna အဖြစ်၊ Julie Walters က Rosie အဖြစ်နှင့် Christine Baranski က Tanya အဖြစ်၊ Amanda Seyfried နှင့် Dominic Cooper တို့က Sophie နှင့် Sky အဖြစ်၊ Pierce Brosnan, Stellan Skarsgård နှင့် အော်စကာဆုရှင် Colin Firth တို့က Sophie ရဲ့ အဖေဖြစ်နိုင်ခြေရှိတဲ့သူ ၃ ယောက်ဖြစ်တဲ့ Sam, Bill နှင့် Harry တို့အဖြစ် ဖြစ်ပါတယ်။

အတိတ်က တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးတွေက အခုလက်ရှိမှာ ဘယ်လို ပဲ့တင်ထပ်နေတယ်ဆိုတာကို ပြသဖို့အတွက် ဇာတ်ကားထဲမှာ အချိန်ကို ရှေ့နှင့်နောက် ခေါက်တုံ့ခေါက်ပြန် ပြသထားပြီး Lily James က Donna ငယ်ဘဝအဖြစ် သရုပ်ဆောင်ထားပါတယ်။ Rosie နှင့် Tanya တို့ရဲ့ ငယ်ဘဝကိုတော့ Alexa Davies (A Brilliant Young Mind) နှင့် Jessica Keenan Wynn (Broadway’s Beautiful) တို့က သရုပ်ဆောင်ထားပါတယ်။ Sam ရဲ့ ငယ်ဘဝအဖြစ် Jeremy Irvine (War Horse)၊ Bill ရဲ့ ငယ်ဘဝအဖြစ် Josh Dylan (Allied) နှင့် Harry ရဲ့ ငယ်ဘဝအဖြစ် Hugh Skinner (Kill Your Friends) က သရုပ်ဆောင်ထားပါတယ်။
                        Trailer


   RII

  #celebrity.thithtoolwin.com

  Source: Comingsoon