Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Maze Runner: The Death Cure ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

Maze Runner: The Death Cure ဇာတ်ကားနမူနာသစ် ထွက်ရှိလာ

| No comment

Maze Runner: The Death Cure ဇာတ်ကားအတွက် နောက်ဆုံးနမူနာကို 20th Century Fox က ဖော်ပြလိုက်ပါပြီ။ Maze Runner: The Death Cure ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Maze Runner ဇာတ်လမ်းတွဲရဲ့ နိဂုံးမှာ Thomas က လွတ်မြောက်လာတဲ့ Gladers အဖွဲ့ကို နောက်ဆုံးနှင့် အန္တရာယ်အများဆုံး စစ်ဆင်ရေးမှာ ဦးဆောင်ရမှာဖြစ်ပါတယ်။ သူငယ်ချင်းတွေကို ကယ်ဆယ်ဖို့အတွက် Last City လို့ခေါ်တဲ့ WCKD က ထိန်းချုပ်ထားတဲ့ အသေအပျောက်အများဆုံး ဝင်္ကပါထဲကို ဖောက်ဝင်ရမှာဖြစ်ပါတယ်။ အသက်ရှင်လျက်ပြန်ထွက်လာနိုင်တဲ့ မည်သူမဆို Gladers တွေ ဝင်္ကပါထဲကို ပထမဆုံးအကြိမ် ရောက်ရှိလာကတည်းက ရှာဖွေနေတဲ့ မေးခွန်းရဲ့အဖြေကို ရရှိမှာဖြစ်ပါတယ်။

အရင်ဇာတ်ကား ၂ ကားလိုပဲ Maze Runner: The Death Cure ကို James Dashner ရဲ့ ဝတ္ထုကို  T.S. Nowlin  ကဇာတ်ညွှန်းရေးသားပြီး Wes Ball ကရိုက်ကူးမှာပါ။ ၂၀၁၄ ခုနှစ်က The Maze Runner နှင့် ၂၀၁၅ ခုနှစ်က The Maze Runner: Scorch Trials တို့ရဲ့ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲကို ရိုက်ကူးထားပြီး Dylan O’Brien, Kaya Scodelario, Thomas Brodie-Sangster, Ki Hong Lee, Giancarlo Esposito, Aidan Gillen, Barry Pepper, Will Poulter နှင့် Patricia Clarkson တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

                       Trailer


  RII

 #celebrity.thithtoolwin.com

  Source: Comingsoon