Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / လက်ထပ်တော့မည့် Min Hyo Rin နှင့် BIGBANG အဖွဲ့ဝင် Taeyang

လက်ထပ်တော့မည့် Min Hyo Rin နှင့် BIGBANG အဖွဲ့ဝင် Taeyang

| No comment

BIGBANG အဖွဲ့ဝင် Taeyang နှင့် Min Hyo Rin တို့ လက်ထပ်တော့မှာဖြစ်ကြောင်း Star News က ဒီဇင်ဘာလ ၁၈ ရက်မှာ ဖော်ပြခဲ့ပါတယ်။

“Taeyang နှင့် Min Hyo Rin က နောက်နှစ်အစောပိုင်းမှာ လက်ထပ်ဖို့ ပြင်နေပါပြီ။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားပါတယ်။ Taeyang စစ်မှုမထမ်းခင်မှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတာပါ” လို့ သတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။

သူတို့နှစ်ယောက်တွဲနေတဲ့အကြောင်းကို ၂၀၁၅ ခုနှစ် မေလမှာ အသိပေးခဲ့တာဖြစ်ပြီး တွဲနေတာ ၃ နှစ်ရှိပါပြီ။ ၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Taeyang က မကြာခင်မှာ စစ်မှုထမ်းရတော့မှာဖြစ်ပါတယ်။ သတင်းပို့ချက်များအရ သူတို့စုံတွဲက စစ်မှုမထမ်းခင်မှာ မင်္ဂလာဆောင်ဖို့ ဆန္ဒရှိတာဖြစ်ပါတယ်။

ဒီသတင်းကို Taeyang နှင့် Min Hyo Rin တို့ရဲ့ အေဂျင်စီများက အတည်ပြုလိုက်ပါပြီ။

“နောက်နှစ် ဖေဖော်ဝါရီလမှာ မင်္ဂလာဆောင်မယ်ဆိုတာ အမှန်ပါပဲ။ ကိုယ်ဝန်ရှိနေတာကြောင့် ကတိုက်ကရိုက်စီစဉ်လိုက်ရတဲ့ မင်္ဂလာပွဲမဟုတ်ပါဘူး” လို့ အေဂျင်စီများက ပြောပြခဲ့ပါတယ်။

သတင်းတွေ ထွက်လာပြီးနောက်မှာ Taeyang က ပရိသတ်တွေဆီကို သူ့ကိုယ်ပိုင် Instagram account မှ စာရေးသားခဲ့ပါတယ်။

သူ့စာထဲမှာတော့ “အာလုံးပဲ မင်္ဂလာပါ ကျွန်တော် Taeyang ပါ။ ကျွန်တော့်ဘဝရဲ့ အရေးကြီးဆုံးနှင့် ပျော်စရာအကောင်းဆုံး ကတိတစ်ခုအကြောင်းကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်။ ကျွန်တော့်ဘဝရဲ့ ကျန်ရှိနေတဲ့ အချိန်တွေကို လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ကျွန်တော့်အနားမှာ အမြဲရှိနေပေးခဲ့တဲ့ Min Hyorin နှင့်အတူ ကုန်ဆုံးဖို့ ကတိပြုလိုက်ပါပြီ။ သူမက ကောင်းတဲ့အချိန်တွေ ဆိုးတဲ့အချိန်တွေအားလုံးကို ဖြတ်သန်းပြီး ကျွန်တော့်ကို အမြဲတမ်း ယုံကြည်ပေးခဲ့တဲ့အတွက် လှပတဲ့ ဘဝလေးကို အတူတည်ဆောက်ဖို့ မျှော်လင့်မိပါတယ်။

ကျွန်တော့်ကို အမြဲတမ်း မိသားစုဝင်လိုသဘောထား ဆက်ဆံခဲ့တဲ့ ပရိသတ်များ၊ BIGBANG အဖွဲ့ဝင်များ၊ YG မိသားစု၊ ကျွန်တော်နှင့်အတူ အလုပ်တွဲလုပ်ခဲ့သူများနှင့် ဆုံစည်းခဲ့ဖူးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ တာဝန်ကျေကျေနှင့် နှိမ့်ချပြီး  နေထိုင်သွားပါ့မယ့်။ ကျွန်တော်တို့ စုံတွဲကို အနာဂတ်မှာ ကောင်းချီးပေးပြီး ဆက်လက်အားပေးသွားဖို့ မျှော်လင့်ပါတယ်” လို့ ရေးသားထားပါတယ်။

RII

#celebrity.thihtoolwin.com

Source: Soompi