Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ၂၀၁၇ ခုနှစ် Mnet Asian Music Awards (MAMA) ဆုပေးပွဲမှာ Album Of The Year ဆုကို ၅ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ EXO အဖွဲ့

၂၀၁၇ ခုနှစ် Mnet Asian Music Awards (MAMA) ဆုပေးပွဲမှာ Album Of The Year ဆုကို ၅ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ EXO အဖွဲ့

| No comment


Mnet Asian Music Awards (MAMA) ဆုပေးပွဲမှာ Album Of The Year ဆုကို EXO အဖွဲ့က ရရှိခဲ့ပြန်ပါပြီ။

၂၀၁၃ ခုနှစ်ကစပြီး EXO အဖွဲ့က daesang (grand prize) ဆုကြီးကို ၅ နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ရရှိတဲ့ဆုဟာ သူတို့အဖွဲ့အတွက် စုစုပေါင်း ၂၂ ဆုမြောက် daesang (grand prize) ဆုကြီးဖြစ်ပြီး ၆ ဆုမြောက် MAMA daesang ဆုကြီးဖြစ်ပါတယ်။ ဒါဟာ ဂရင်းနစ်ကမ္ဘာ့စံချိန်မှာ Mnet Asian Music Awards မှာ အများဆုံး daesang ဆုကြီးရရှိသူအဖြစ် မှတ်တမ်းတင်ထားတဲ့ သူ့တို့ရဲ့ စံချိန်ကို သူတို့ကိုယ်တိုင် ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ EXO အဖွဲ့ရဲ့ ၄ ခုမြောက် full-length album “The War” ဟာ ထွက်ရှိပြီး ၂၄ ရက်အတွင်း အချပ်ရေ ၁ သန်းကျော် ရောင်းချခဲ့ရပြီး၊ ပထမရက်သတ္တပတ်အတွင်း ရောင်းရစံချိန်နှင့် ကြိုတင်မှာယူမှုစံချိန်တွေကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ တတိယမြောက် နယ်လှည့်ဖျော်ဖြေပွဲကို မေလက Jamsil Stadium မှာ အဆုံးသတ်ခဲ့ပြီး စတုတ္ထမြောက် နယ်လှည့်ဖျော်ဖြေပွဲကို နိုဝင်ဘာမှာ စတင်ခဲ့ပါတယ်။

Suho က “ဒီလိုဆုကြီးကို MAMA ဆုပေးပွဲမှာ ရရှိခဲ့တာ ဒီနှစ်မှာ ၅ နှစ်ဆက်တိုက် ရှိပါပြီ။ MAMA ကို ကျေးဇူးတင်ပါတယ်။ Lee Soo Man ၊ ကျွန်တော်တို့ရဲ့ SM မိသားစု၊ SM က Super Junior နှင့် စီနီယာများ၊ ကျွန်တော်တို့ရဲ့ မန်နေဂျာများ၊ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအဖွဲ့သားများကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ရပ်နေနိုင်တာက တကယ်တော့ EXO ကို ချစ်တဲ့ ကျွန်တော်တို့ရဲ့ EXO-L တွေရှိနေလို့ပါ။

 ‘၅ နှစ်ဆက်တိုက်’ တို့ ‘[quadruple] million-seller’ တို့ဆိုတဲ့ စံချိန်သစ်တွေ တင်လိုက်တိုင်းမှာ အမြဲတမ်း မယုံနိုင်လောက်အောင်ဖြစ်ရပေမယ့် ကျွန်တော်တို့ရဲ့ EXO-L တွေရှိနေလို့သာ ဒီလိုရလဒ်တွေကို မြင်ရတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ‘Power’ သီချင်းထဲက စာသားလေးလိုပဲ “တစ်နေ့မှာ ပင်ပန်းလာရင် ငါတို့ ဘယ်လောက်တောင် လှပခဲ့တယ်ဆိုတာကို အမှတ်ရပါ” ဒါပေမယ့် EXO ကို ချစ်တဲ့သူတွေအားလုံး ဘယ်တော့မှ အားငယ်စရာမဖြစ်ရအောင် ကျွန်တော်တို့က သီချင်းတွေ ဆက်ဆိုနေပြီး၊ စင်မြင့်ပေါ်မှာ ဆက်လက်ရပ်တည်နေမှာပါ။ ဒီဆုအတွက် မျက်နှာမပျက်ရစေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်စေရပါမယ်။ အခုကစပြီး EXO ဘဝလမ်းကြောင်းကို စောင့်မျှော်ပေးပါ။ We are one! EXO, let’s love!” လို့ ပြောကြားသွားပါတယ်။

Baekhyun ကလည်း “EXO-L တို့ မငိုပါနဲ့။ ကျွန်တော်တို့က ဆုကြီးရပြီးဆိုတော့ မငိုပါနဲ့” လို့ ပြောသွားပြီး Xiumin “ပထမဆုံးအနေနဲ့ ကျေးဇူးတင်ပါတယ်။ ဒီဆုကို လက်ခံရရှိပြီး EXO က သမိုင်းသစ် ရေးနိုင်ခဲ့ပါတယ်။ EXO-L တွေရဲ့ ကျေးဇူးကြောင့် EXO ရဲ့ သမိုင်းက မပြီးသေးဘဲ ဆက်လက်သွားနေပါတယ်။ ကျွန်တော်တို့ကို ဒီနေရာအထိ ရောက်လာအောင် ကူညီပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ EXO-L တွေကို ကျေးဇူးတင်ပါတယ်။ ချစ်ပါတယ်” လို့ ပြောသွားပါတယ်။

Kai က ပရိသတ်တွေအပေါ်မှာ ထားရှိတဲ့ သူ့ရဲ့ အချစ်တွေကို ရိုးရိုးလေး ဖော်ပြသွားပြီး D.O. ကတော့ “ကျွန်တော်တို့ရဲ့ မိဘတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ EXO-L တွေကိုလည်း ကျေးဇူးတင်ပြီး ချစ်ပါတယ်။ ကျွန်တော့် အဖွဲဝင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ယဉ်ကျေးရည်မွန်တဲ့ အဖွဲ့အဖြစ်အောင် ကြိုးစားသွားပါ့မယ်” လို့ ပြောကြားသွားပါတယ်။

ဆက်လက်ပြီး Chen က “ကျွန်တော်တို့ရဲ့ EXO-L တွေကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲကို ကြည့်ရင်းနဲ့ ကျွန်တော့် ရင်ထဲမှာ အတွေးတစ်ခု ပေါ်လာပါတယ်။ ဂီတမှာ ယှဉ်ပြိုင်မှုဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ကို ချစ်ခင်ပေးပြီး K-pop ကိုလည်း ချစ်ခင်ပေးကြပါ။ Eries တို့ ချစ်ပါတယ်” ပြောပြခဲ့ပါတယ်။ Sehun က “အားလုံးကို Hong Kong မှာ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ ဒီလိုဆုကြီးကိုရတာလည်း အရမ်းပျော်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဆိုတာထက်ပိုပြီး ပြောလို့ရတာမရှိတော့ပါဘူး” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Chanyeol ကတော့ မျက်ရည်တွေပြည့်လျှံနေပြီး “မနှစ်က MAMA ဆုပေးပွဲမှာ ဒီဆုကို လက်ခံရရှိခဲ့ပြီး ဒီနှစ်လည်း ကျွန်တော်တို့ ကောင်းကောင်လုပ်ချင်တယ်ဆိုပြီး အဖွဲ့ဝင်တွေအားလုံး အတူတူပြောခဲ့ကြတာ… ကျွန်တော် အဲ့ဒီအချိန်ကို အမြဲအမှတ်ရနေတယ်။ ပြီးခဲ့တဲ့နှစ်က EXO အတွက် အရမ်းအဖိုးတန်တဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တာကြောင့် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော့် အဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ EXO-L တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ ပြောသွားပါတယ်။


RII

#celebrity.thithtoolwin.com

Source: Soompi