Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / Mulan အဖြစ်သရုပ်ဆောင်ရန် တရုတ်မင်းသမီး Liu Yifei အား Disney ရွေးချယ်

Mulan အဖြစ်သရုပ်ဆောင်ရန် တရုတ်မင်းသမီး Liu Yifei အား Disney ရွေးချယ်

| No comment



Disney ရဲ့ သက်ဝင်လှုပ်ရှား Mulan ရုပ်ရှင်အတွက် ခေါင်းဆောင်မင်းသမီး ရှာပုံတော်ကြီး ပြီးမြောက်သွားပါပြီ။ Crystal Liu အဖြစ် လူသိများတဲ့ တရုတ်မင်းသမီး Liu Yifei က သရုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ ကိုယ်ခံပညာ ကျွမ်းကျင်တဲ့ သရုပ်ဆောင်ကို တွေ့ရှိဖို့အတွက် Disney က တိုက်ကြီး ၅ တိုက်မှာ ရှာဖွေခဲ့တာဖြစ်ပါတယ်။ တရုတ်နိုင်ငံက ပရိသတ်တွေက “Fairy Sister” လို့ ချစ်စနိုးအမည်ပေးထားတဲ့ Liu Yifei ကို ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ရိုက်ကူးခဲ့တဲ့ တီဗီဇာတ်လမ်းတွဲများ၊ ၂၀၀၈ ခုနှစ်က Jackie Chan နှင့် Jet Li တို့နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ The Forbidden Kingdom၊ ၂၀၁၄ ခုနှစ်က Nicolas Cage နှင့် Hayden Christensen တို့နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ Outcast ဇာတ်ကားတို့နှင့် လူသိများပါတယ်။ ဇွန်လက ကျင်းပခဲ့တဲ့ Shanghai International Film Festival မှာ ပြသခဲ့ပြီး Emile Hirsch နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ The Chinese Widow ဇာတ်ကားနှင့်လည်း သိကြပါတယ်။

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Mulan ကာတွန်းဇာတ်ကားက အသက်ကြီးနေတဲ့ ဖခင်ကိုယ်စား ယောက်ျားလေးဟန်ဆောင်ပြီး စစ်တပ်ထဲဝင်ခဲ့တဲ့ အမျိုးသမီးစစ်သည်တော် ရှေးဟောင်းတရုတ်ဒဏ္ဍာရီ Hua Mulan ကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Mulan ရုပ်ရှင်ဇာတ်ကားကတော့ Disney က ဂန္ဓဝင် ကာတွန်းဇာတ်လမ်းတွေကို အသက်ဝင်လှုပ်ရှားရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးဖို့ ရွေချယ်ထားတဲ့ ဇာတ်ကားတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ရွေချယ်ထားတဲ့အထဲမှာ ပါဝင်တဲ့ ဇာတ်ကားတွေကတော့ The Lion King, The Jungle Book 2, Cruella, Maleficent 2, Dumbo, James and the Giant Peach, Winnie the Pooh, Pinocchio, Genies, Night on Bald Mountain, The Little Mermaid နှင့် The Sword in the Stone တို့ဖြစ်ပါတယ်။ Reese Witherspoon ပါဝင်မည့် သက်ဝင်လှုပ်ရှား Tinker Bell ရုပ်ရှင်ကိုလည်း Pete’s Dragon ကို ရေးသားရိုက်ကူးခဲ့တဲ့ David Lowery က ရိုက်ကူးမည့် သက်ဝင်လှုပ်ရှား  Peter Pan ရုပ်ရှင်နှင့် တစ်ပြိုင်တည်း ဇာတ်လမ်းတည်ဆောက်လျက်ရှိပါတယ်။

Mulan ရုပ်ရှင်ဇာတ်ကားကို Lauren Hynek နှင့် Elizabeth Martin တို့က ဇာတ်ညွှန်းရေးသားထားပြီး  Chris Bender နှင့် J.C. Spink တို့က ထုတ်လုပ်မှာဖြစ်ပါတယ်။

RII