Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / မင်းသမီးတွေပဲဦးဆောင်ပါဝင်ထားတဲ့ ပထမဆုံး Ocean’s 8 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

မင်းသမီးတွေပဲဦးဆောင်ပါဝင်ထားတဲ့ ပထမဆုံး Ocean’s 8 ဇာတ်လမ်းနမူနာ ထွက်ရှိလာ

| No comment

နာမည်ကျော် Ocean’s 11 ဇာတ်လမ်းတွဲ ပြန်လည်ဆန်းသစ်ထားသည့် အမျိုးသမီးသရုပ်ဆောင်တွေသာပါဝင်မည့် Ocean’s 8 ဇာတ်ကားအတွက် ပထမဆုံးနမူနာကို Warner Bros. Pictures နှင့် Village Roadshow Pictures တို့က ဖော်ပြလိုက်ပါပြီ။

၂၀၁၈ ခုနှစ် နွေရာသီမှာတော့ Debbie Ocean (Sandra Bullock) က နယူးယော့မြို့မှာ ကျင်းပပြီး နာမည်ကျော်အနုပညာရှင်တွေ တက်ရောက်လေ့ရှိတဲ့ ကျော်ကြားတဲ့ Met Gala ပွဲမှာ ရာစုနှစ်ရဲ့ အကြီးမားဆုံး လုယက်မှုကြီးကို ကြံစည်မှာဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး မှတ်တိုင်ကတော့ Lou (Cate Blanchett), Nine Ball (Rihanna), Amita (Mindy Kaling), Constance (Awkwafina), Rose (Helena Bonham Carter), Daphne Kluger (Anne Hathaway) နှင့် Tammy (Sarah Paulson) တို့ပါဝင်တဲ့ ပြီးပြည့်စုံတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းဖို့ပါပဲ။ Matt Damon က ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

 (အရင်ဇာတ်ကား ၃ ကားထဲက သူ့ဇာတ်ကောင်ဖြစ်တဲ့ Linus Caldwell လို့ ယူဆရပါတယ်။) James Corden က အာမခံလုပ်ငန်း စုံစမ်းစစ်ဆေးသူအဖြစ် သရုပ်ဆောင်မှာဖြစ်ပြီး Dakota Fanning လည်းပါဝင်မယ်လို့ သိရပါတယ်။ Kim Kardashian, Kendall Jenner, Anna Wintour, Adriana Lima နှင့် Katie Holmes တို့ကလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မှာဖြစ်ပါတယ်။

Olivia Milch နှင့် Steven Soderbergh တို့နှင့်အတူ ရေးသားထားတဲ့ ဇာတ်ညွှန်းကို အော်စကာဆု ဆန်ကာတင်ဝင်ဖူးတဲ့ ဒါရိုက်တာ Gary Ross (The Hunger Games, Seabiscuit) က ရိုက်ကူးထားပါတယ်။ Jon Kilik က ထုတ်လုပ်ထားပြီး Michael Tadross, Susan Ekins, Sandra Bullock, Diana Alvarez နှင့် Bruce Berman တို့က အမှုဆောင်ထုတ်လုပ်သူအဖြစ် ဆောင်ရွက်ထားပြီး Milch က တွဲဖက်ထုတ်လုပ်ထားပါတယ်။

Ocean’s 8 ဇာတ်ကားကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

                      Trailer



 RII

#celebrity.thithtoolwin.com

Source: Comingsoon