Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / SHINee အဖွဲ့ဝင် Jonghyun (၂၇ နှစ်) ကွယ်လွန်ကြောင်း SM Entertainment နှင့် ရဲဌာနမှ အတည်ပြု

SHINee အဖွဲ့ဝင် Jonghyun (၂၇ နှစ်) ကွယ်လွန်ကြောင်း SM Entertainment နှင့် ရဲဌာနမှ အတည်ပြု

| No comment

SHINee အဖွဲ့ဝင် Jonghyun (၂၇ နှစ်) ကွယ်လွန်ကြောင်း ရဲဌာနမှ အတည်ပြုခဲ့ပြီး ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

ရဲဌာနနှင့် မီးသတ်တပ်ဖွဲ့တို့ရဲ့ ပြောကြားချက်အရ ဒီဇင်ဘာလ ၁၈ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆း၄၅ နာရီမှာ Jonghyun ကို သတိလစ်မေ့မြောလျက်တွေ့ရှိခဲ့ရပါတယ်။ အရေးပေါ်အဖွဲ့က CPR ပြုလုပ်ခဲ့ပြီး အဆိုတော်ကို ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပေမယ့် Jonghyun က သတိပြန်လည်မလာတော့ဘဲ သေဆုံးသွားကြောင်း ကြေညာခဲ့ပါတယ်။

Jonghyun ဆီက နောက်ဆုံး နှုတ်ဆက်စာကို လက်ခံရရှိခဲ့တာကြောင့် သေကြောင်းကြံစည်တော့မယ်လို့ ယူဆမိတဲ့ အစ်မဖြစ်သူက ပျောက်ဆုံးကြောင်း တိုင်ကြားခဲ့တာကြောင့် ရဲတွေက အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိလာတာဖြစ်ပါတယ်။ စာထဲမှာ “အရမ်းပင်ပန်းတယ်။ ကျွန်တော့်ကို သွားခွင့်ပေးပါတော့။ ကျွန်တော် ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ပြောပေးပါ။ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်ပါပဲ” လို့ ရေးသားထားပါတယ်။

အခင်းဖြစ်ပွားရာနေရာဟာ Jonghyun ရဲ့ ကိုယ်ပိုင်နေအိမ်မဟုတ်ဘဲ ၂ ညတာ တည်းခိုဖို့ ငှာရမ်းထားတဲ့ နေရာဖြစ်ကြောင်းသိရပြီး ထိုနေရာမှာ မီးလောင်ကျွမ်းထားသည့် ကျောက်မီးသွေးများကို တွေ့ရတာကြောင့် သေကြောင်းကြံစည်ခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။ သို့သော်လည်း ရဲဌာနက ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး သေဆုံရခြင်း အကြောင်းအရင်းကို အတည်မပြုသေးပါဘူး။

SHINee အဖွဲ့ဝင် Jonghyun ကွယ်လွန်ကြောင်းကို SM Entertainment ကလည်း အတည်ပြုခဲ့ပါတယ်။

“SHINee အဖွဲ့ဝင် Jonghyun က ကျွန်တော်တို့ကို စွန့်ခွာသွားပါပြီ။ Jonghyun က အားလုံးထက်ပိုပြီး ဂီတကို ချစ်မြတ်နိုးတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဖျော်ဖြေမှုတိုင်းအတွက် အကောင်းဆုံးလုပ်ခဲ့တာချည်းပါပဲ။ Jonghyun ကို ချစ်တဲ့ ပရိသတ်တွေအတွက် ဒီဝမ်းနည်းဖွယ်သတင်းကို ယူဆောင်လာရတာ အလွန်ကြေကွဲရပါတယ်” လို့ အေဂျင်စီက ဒီဇင်ဘာလ ၁၈ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မိသားစုဝင်တွေကလည်း မဖြေဆည်နိုင်အောင် ဝမ်းနည်းကြေကွဲရပြီး SHINee အဖွဲ့ဝင်များ၊ အေဂျင်စီမှ အနုပညာရှင်များနှင့် ဝန်ထမ်းများကလည်း တုန်လှုပ်မိပြီး ဝမ်းနည်းကြေကွဲကြရပါတယ်။

အားလုံးကိုလည်း ထင်ကြေးပေးခြင်းမှ ရှောင်ကြဉ်ရန် တောင်းဆိုထားပြီး အသုဘအခမ်းအနားကို မိသားစုရဲ့ ဆန္ဒအရ မိသားစုများ၊ ရင်းနှီးခင်မင်သော မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များသာ တက်ရောက်ပြီး အေးအေးချမ်းချမ်း ကျင်းပသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 RII

 #celebrity.thihtoolwin.com

 Source: Soompi