Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / သီချင်းဗီဒီယိုအသစ်ထဲမှာ “Universe” အနှံ့ပတ်ပြီး အချစ်ကို ရှာဖွေမည့် EXO အဖွဲ့

သီချင်းဗီဒီယိုအသစ်ထဲမှာ “Universe” အနှံ့ပတ်ပြီး အချစ်ကို ရှာဖွေမည့် EXO အဖွဲ့

| No comment

EXO အဖွဲ့ရဲ့ နှစ်စဉ်နှစ်တိုင်း ထွက်ရှိနေကြဖြစ်တဲ့ ဆောင်းရာသီ အထူးအယ်လ်ဘမ်က ၂၀၁၇ အတွက် ထွက်ရှိလာပါပြီ။

EXO အဖွဲ့ရဲ့ အယ်လ်ဘမ်သစ် “Universe” နှင့်အတူ အမည်တူ ခေါင်းစီးသီချင်း ဗီဒီယိုတို့က ဒီဇင်ဘာလ ၂၆ ရက် ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ထွက်ရှိလာပါတယ်။

“Universe” သီချင်းက rock ballad အမျိုးအစားဖြစ်ပြီး ကိုယ့်အတွက် ကမ္ဘာကြီးတစ်ခုလို တန်ဖိုးထားရတဲ့ ချစ်သူကို စကြဝဠာအဆုံးတိုင် လိုက်လံရှာဖွေမယ့်အကြောင်း သီဆိုထားတာဖြစ်ပါတယ်။ သီချင်းစာသားထဲကအတိုင်း ဗီဒီယိုတစ်လျှောက်လုံးမှာ ဘယ်လိုမှ မလွတ်မြောက်နိုင်အောင် အတူတကွ ချည်နှောင်ထားခံရတဲ့ လူနှစ်ယောက်ရဲ့ ပုံရိပ်တွေက ပဲ့တင်ထပ်နေပါတယ်။

အယ်လ်ဘမ်ထဲမှာ ခေါင်စီးသီးချင်းကို ကိုရီယားဘာသာနှင့်ရော တရုတ်ဘာသာနှင့်ပါ သီဆိုထားတာဖြစ်ပါတယ်။ နောက်ထပ်ပါဝင်တဲ့ သီချင်း ၅ ပုဒ်ကတော့ pop ballad အမျိုးအစားဖြစ်ပြီး Chen ရေးသားထားတဲ့ သီချင်းစာသားတွေပါဝင်တဲ့ “Lights Out” ၊ retro-sounding pop ballad အမျိုးအစားဖြစ်တဲ့ “Good Night” ၊ rock လွှမ်းမိုးမှုပါဝင်ပြီး pop အမျိုးအစားဖြစ်တဲ့ “Been Through” ၊ pop-soul အမျိုးအစားဖြစ်တဲ့ “Stay” နှင့် R&B အမျိုးအစားဖြစ်တဲ့ “Fall” တို့ဖြစ်ပါတယ်။

                        Korean

                       Chinese


  RII

 #celebrity.thithtoolwin.com

 Source: Soompi